ဘောလုံးသမားတစ်ယောက်အောင်မြင်တာမအောင်မြင်တာဆိုတာကစားသမားရဲ့စိတ်ဓာတ်နဲ့လည်းအများကြီးသက်ဆိုင်တာဖြစ်ပါတယ်။ကစားသမားတစ်ယောက်ဟာဘောလုံးမှာတော်နေရုံနဲ့ကစားသမားကောင်းတစ်ယောက်မဖြစ်လာနိုင်တာပရိသတ်တွေသိမှာပါ။ကစားပုံမကောင်းခဲ့ရင်တောင်ဖြူစင်တဲ့စိတ်ဓာတ်ရှိသူကပရိသတ်တွေရဲ့ချီးကျူးမှုတွေကိုခံနေရတာပါ။

ကမ္ဘာတစ်ဝှမ်းမှာနာမည်ကျော်ကစားသမားတွေကတော့ဘောလုံးမှာကောင်းမွန်တဲ့ခြေစွမ်းတွေပိုင်ဆိုင်ရုံသာမကစိတ်ထားလေးတွေကပါဖြူစင်နေတာကြောင့်နာမည်ကျော်နေရတာပါ။ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုအကြိမ်ကြိမ်ဆွတ်ခူးနိုင်တဲ့မက်ဆီကတော့ပရိသတ်တွေစံနမူနာထားသင့်တဲ့ကစားသမားဖြစ်ပါတယ်။သူကတော့ဘောလုံးကစားရာမှာသန့်သန့်ရှင်းရှင်းနဲ့ကစားတက်တဲ့စိတ်ကြောင့်ယခုလိုအောင်မြင်နေတာပါ။

ခုမှာလည်းဂါလာတာစာရေးလူငယ်အသင်းရဲ့ကစားသမားတစ်ယောက်ရဲ့လုပ်ရပ် video ကြောင့်ပရိသတ်တွေချီုးကျူးနေရတာဖြစ်ပါတယ်။ပယ်နတီဧရိယာထဲမှာလဲကျခဲ့လို့ပယ်နတီပြစ်ဒဏ်ဘောရခဲ့ပေမယ့်ပရော်ဖက်ရှင်နယ်ကစားသမားပီပီဂိုးထဲကိုကန်မထည့်ပဲဘေးကိုကန်ထည့်လိုက်တာဖြစ်ပါတယ်။ပရိသတ်တွေလည်းချီးကျုးအတုယူစေဖို့လူငယ်လေးရဲ့ပရိုဆန်ဆန်စိတ်ဓာတ် videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။