မွှေထိုင်းလက်ဝှေ့ပွဲ၊ ကစ်ဘောက်ဆင်ပြိုင်ပွဲများယှဉ်ပြိုင်ရင်း နာမည်ကြီးလာသောနီကိုလာကို မြန်မာ့လက်ဝှေ့ပွဲစဉ်များယှဉ်ပြိုင်ရန် WLC ကစာချုပ်ချုပ်ဆိုလိုက်ပြီပဲ ဖြစ်ပါတယ်။ နီကိုလာဟာ မတ်လ ၂၈ ရက်တွင် နှင့်စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး ကာလရှည်စာချုပ်ချုပ်ဆိုနိုင်ရန် သဘောတူညီမှုရရှိထားတာပဲ ဖြစ်ပါတယ်။ 

နီကိုလာဟာ ယခုနှစ်အတွင်းကျင်းပမည့် WLC ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပဲ ၂၀၂၀ ပြည့်နှစ်အတွင်းမှ စတင်ယှဉ်ပြိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ နီကိုလာဟာ တစ်နှစ်အတွင်း ပွဲစဉ်များအတွက် အနည်းဆုံးတစ်ပွဲပါဝင်ယှဉ်ပြိုင်ပြီး ဖြစ်ပါက စာချုပ်သက်တမ်းတစ်နှစ်ထိုးနိုင်မှာပဲ ဖြစ်ပါတယ်။ 

နီကိုလာနှင့် WLC ချုပ်ဆိုခဲ့သော စာချုပ်ပါအချက်အလက်များအရ နီကိုလာဟာ WLC နှင့်မသက်ဆိုင်သော ပြိုင်ပွဲများတွင် မွေထိုင်းနှင့်ကစ်ဘောက်ဆင်ပြိုင်ပွဲများကိုသာ ယှဉ်ပြိုင်ခွင့်ရှိမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော နိကိုလာရဲ့ပွဲတွေကို ကြည့်ရှုဖို့အသင့်ဖြစ်ကြပြီလား။

Source - Nicola Barke

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။