စင်ကာပူနိုင်ငံက Wagingtin ဟိုတယ် မှာ ကြောင်ကလေးတွေအတွက် ဇိမ်ခံဟိုတယ်သီးသန့်ပြုလုပ်ပေးထားပါတယ်။ အဆိုပါဇိမ်ခံဟိုတယ်ကို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်နဲ့ တွဲပြီး ဖွင့်ထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကြောင်ပိုင်ရှင်တွေအနေနဲ့ ကြယ်ငါးပွင့် ဟိုတယ်မှာ အပန်းဖြေရင်း မိမိတို့ရဲ့ ကြောင်လေးတွေကိုပါ ကြောင်ဇိမ်ခံဟိုတယ်ကို ပို့ပေးထားနိုင်ပါတယ်။ အဆိုပါ ကြောင်ဇိမ်ခံ ဟိုတယ်ထဲမှာ လေသန့်စက် နဲ့ ဂန္တဝင် သီချင်းတွေကို ဖွင့်ပေးထားပါသေးတယ်။ အခန်းငယ် တစ်ခန်းစီတိုင်းမှာ အဆင့်မြင့် ပရိဘောဂတွေ ကို ထည့်သွင်းပေးထားပြီး ဈေးကြီးတဲ့ ခရစ္စတယ် ကြောင်စာခွက်တွေ ကို လည်း ချထားပေးပါတယ်။

ဒါ့အပြင် ကြောင်လေးတွေ အနေနဲ့ ပတ်ဝန်းကျင် အသစ်အဆန်းမှာ စိတ်ဖိစီးမှု မရှိစေဖို့ ဂန္တဝင် တေးသွားတွေ ကိုလည်း အမြဲ မပြတ် ဖွင့်ပေးထားပါတယ်။ အခန်းငယ် တိုင်းမှာလည်း လေသန့်စက် တွေ တပ်ဆင်ပေးထားပြီး ကြောင်သီးသန့် Spa လည်း ပါဝင်ပါတယ်။ ဈေးကတော့ တစ်ည ကို အနည်းဆုံး ဒေါ်လာ ၂၀ လောက်ကျသင့်ပါတယ်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။