Bonitaလို့ခေါ်တဲ့ ခွေးမလေးကို Texas, Houstanမှာ Martha လို့ခေါ်တဲ့အမျိုးသမီးကနေရှာတွေ့ခဲ့တာပါ။ တွေ့တွေ့ချင်းမှာ နီးစပ်ရာကယ်ဆယ်ရေးတွေကို အမြန်အကြောင်းကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေရောက်လာပြီး Bonitaကို တိရစ္ဆာန်​ဆေးကုခန်းကို ခေါ်သွားပြီး စစ်ဆေးမှုတွေလုပ်အပြီးမှာ ဘယ်လိုမှကယ်လို့မရတော့ဘူးဆိုတာကို သိခဲ့ရပါတယ်။ Bonitaရဲ့ ပါးစပ်တစ်ခုလုံးစုတ်ပြဲသွားပြီး မျက်လုံးတွေ အပြင်ကို ပေါက်ထွက်လာခဲ့တာပါ။

Bonita ခံစားနေရတာကို မကြည့်ရက်တဲ့ တိရစ္ဆာန်​ဆေးကုဆရာဝန်တွေဟာ Bonitaရဲ့ အသက်ကို နုတ်ယူပေးခဲ့ဖို့ကလွဲရင် မတတ်နိုင်ခဲ့ပါဘူး။ Bonitaရဲ့အလောင်းကို ဆေးစစ်မှုတွေ၊ X rayတွေရိုက်အပြီးမှာ သက်ဆိုင်ရာဆရာဝန်တွေက ပါးစပ်ထဲဗြောက်အိုးထည့်ဖောက်ခံရတာ ဖြစ်မယ်လို့ ယူဆခဲ့ပါတယ်။ လူသားမဆန်တဲ့လူတွေကြောင့် အပြစ်မရှိတဲ့ခွေးတစ်ကောင် ဒီလိုရုပ်ပျက်ဆင်းပျက်ခံစားရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ခွေးမလေးကတော့ နာကျင်တာကလွဲရင် ဘာမှသိနေခဲ့မှာမဟုတ်ပါဘူး၊ သူမတစ်သက်လုံး မျှော်ကြည့်နေခဲ့ရတဲ့ လူသားတွေကိုယုံကြည်မှုက သူမကိုပဲ အသက်သေစေခဲ့တာပါ။

Source: viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။