ချဲလ်ဆီးတိုက်စစ်မှူး ဟီဂူအင်က အာဂျင်တီးနား လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးကတော့ ချဲလ်ဆီးအသင်းအတွက် အာရုံအပြည့်စိုက်ပြီး ကစားချင်လို့ လက်ရွေးစင်အသင်းကနေ အနားယူတာဖြစ်ပါတယ်။ဟီဂူအင်ကတော့အာဂျင်တီးနားအသင်းမှာလည်းပွဲထွက်ခွင့်ပုံမှန်ရပြီးခြေစွမ်းပြနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

ဟီဂူအင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဂျူဗင်တပ်အသင်းကနေ ချဲလ်ဆီးကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာပါ။တိုက်စစ်မှူး ဟီဂူအင်ဟာ အာဂျင်တီးနားအတွက် ၇၅ ပွဲမှာ ၃၁ ဂိုး သွင်းယူပေးထားပါတယ်။ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလား အပြီးမှာတော့ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်း မရှိသေးပါဘူး။

သူဟာ ကလပ်မှာ ခြေစွမ်းပြနိုင်ပေမယ့် လက်ရွေးစင်အသင်းအတွက် ကစားပေးတဲ့ အခါတိုင်း ခြေစွမ်းမပြနိုင်လို့ မကြာခဏ ဝေဖန်ခံရလေ့ရှိနေတာပါ။သူကတော့ချယ်လ်ဆီးအသင်းမှာလည်းပွဲတိုင်းနီးပါးပွဲထွက်ခွင့်ရနေတာဖြစ်ပါတယ်။ဒါပေမယ့်ချယ်လ်ဆီးအသင်းမှာလည်းခြေစွမ်းမပြနိုင်တာကြောင့်ဝေဖန်ခံနေရတာဖြစ်ပြီးခုမှာတော့ခြေစွမ်းတွေပြန်ပြနိုင်ဖို့အတွက်နိုင်ငံအသင်းကအနားယူလိုက်တာဖြစ်ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။