ပရိသတ်တွေရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာတော့ ကျောင်းမတက်ချင်လို့ နေမကောင်းချင်ယောင်ဆောင်နေခဲ့ကြတဲ့ အခိုက်အတန့်လေးတွေ ရှိဖူးကြမယ်လို့ထင်ပါတယ်။

အဲ့အချိန်တုန်းကဆို ကြက်သွန်နီတွေ ဂျိုင်းကြားညှပ်ပြီး ပူပူလောင်လောင်နေခဲ့ရပေမယ့် အခုအချိန်မှာတော့ ဖျားချင်တဲ့အချိန်ဖျားနိုင်အောင် ကူညီပေးနိုင်မယ့် နည်းပညာသစ်တခုကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ်မှာရှိတဲ့ ကုမ္ပဏီတခုက တီထွင်ခဲ့ပါပြီ။

သူတို့တွေကတော့ ဖျားချင်တဲ့အချိန်ဖျားနိုင်စေဖို့အတွက် တုတ်ကွေးဗိုင်းရပ် ထည့်သွင်းထားတဲ့ တစ်သျူးဘူးတွေကို တီထွင်ခဲ့တာပဲဖြစ်ပါတယ်။

၎င်းတစ်သျူးတွေကတော့ ဓာတုဗေဒပစ္စည်းတွေနဲ့ ပိုးသတ်ဆေးတွေမပါဝင်ဘဲ ပြုလုပ်ထားပြီး ကိုင်တွယ်အသုံးပြုလိုက်တာနဲ့ သိပ်မကြာခင်မှာ ဖျားနာတဲ့ဝေဒနာကိုခံစားရစေမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတစ်သျူးကြောင့် ဖျားနာလာသူတွေအနေနဲ့လည်း နောက်ထပ်အခြားသောဖျားနာမှုတွေကို ထပ်မဖြစ်လာနိုင်စေဘူးလို့ ကုမ္ပဏီဘက်က ထုတ်ပြန်ကြေညာထားပါတယ်။ 

သို့ပေမယ့် ကူးစက်ရောဂါပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ တဦးကတော့ ဒီတစ်သျူးတွေဟာ အမှတ်တကယ် ထိရောက်မှုရှိနိုင်ပါ့မလားလို့ မေးခွန်းထုတ်နေသလို ဒီတစ်သျူး စက္ကူတွေကသာ အမှန်တကယ် ပြောတဲ့အတိုင်း ဆောင်ရွက်နိုင်တယ်ဆိုရင် ဒါဟာ အန္တရာယ်ဖြစ်စေနိုင်မှာ ဖြစ်ပြီး ဒါတွေက အမှန်တကယ် အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ ထင်ပါတယ်။ လက်ရှိအချိန်မှာ ကူးစက်နိုင်တဲ့ သာမာန်အအေးမိ ဝေဒနာပေါင်း ၂၀၀ လောက်ရှိပြီး ခင်ဗျားအနေနဲ့ တခုကို ကူးစက်ခံရပြီဆိုရင်တောင် နောက်ထပ် အဖျားရောဂါတွေ ထပ်မံ ကူးစက်နိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ် လို့ပြောကြားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။