မြန်မာလက်ရွေးစင်အသင်းနဲ့တူတူအောင်မြင်မှုတွေဆွတ်ခူးပြီးပရိသတ်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်ဖြစ်နေရတာကတော့ကျော်ကိုကိုပဲဖြစ်ပါတယ်။သူရဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့အားပြင်းတဲ့သွင်းဂိုးတွေကြောင့်မြန်မာအသင်းကိုအောင်မြင်မှုတွေဆွတ်ခူးပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေရတာပါ။
ခင်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းမှာလည်းအထူးခြေစွမ်းပြဂိုးတွေသွင်းယူပြီးပရိသတ်တွေအချစ်ကိုအပြည့်ရထားတာဖြစ်ပါတယ်။ရန်ကုန်အသင်းရဲ့အာရှပွဲတွေမှာလည်းအကောင်းဆုံးခြေစွမ်းပြဂိုးတွေသွင်းနိုင်တာကြောင့်ပြိုင်ဘက်အသင်းတွေကြောက်ရတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။
အားကစားပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ကျော်ကိုကိုကတော့ ယခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘူရီရမ်အသင်းနှင့်ပွဲတွင် ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာမိနစ် ၆၀ တွင်လူစားထိုးဝင်ရောက်လာခဲ့ပြီး အသင်းအတွက်အရေးပါလှတဲ့ချေပဂိုးကို မိနစ် ၈၀တွင်သွင်းယူခဲ့တာပါ။ ကျော်ကိုကိုကတော့ဒဏ်ရာကနေပြန်သက်သာလာပြီးနောက်ပိုင်း ကလပ်အသင်းအတွက်ပထမဦးဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ သူ့ရဲ့ဗီဒီယိုလေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source - Thai League MM Fan Club
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။