မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ မင်းသားလေးတစ်လက် ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ကောင်းတဲ့ တိုင်ရွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါတယ်။ 

တိုင်ရွန်ကတော့ အရပ်ရှည်ရှည် ၊ ရုပ်ဖြောင့်ဖြောင့် ၊ Body တောင့်တောင့်နဲ့ မိန်းကလေးပရိသတ်တိုင်း ကြွေနေရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။တိုင်ရွန်က အပြင်ပိုင်းကကြည့်ရင် ရုပ်တည်ကြီးနဲ့ မာနကြီးသလို ထင်ရတတ်ပေမယ့် စိတ်ရင်းကောင်းပြီး ပျော်ပျော်နေတတ်သူလေးလည်း ဖြစ်ပါတယ်။

ယနေ့မှာတော့တိုင်ရွန်တစ်ယောက်ပျော်ရွှင်စရာကောင်းတဲ့ရိုက်ကွင်းပေါ်က ပုံရိပ်လေးကို ထုတ်ဖော်လိုက်ပါတယ်။တိုင်ရွန်ကတော့" ရှုတင်မှာ ခလေးထမင်းလည်း ခွံ့ တယ် ဘေးက တစ်ယောက် သူ့ကို မကျွေးလို့ စိတ်ကောက်နေတယ် "ဆိုပြီး ရိုက်ကွင်းပေါ်က ပုံရိပ်လေးနဲ့အတူ ရေးသားထားပါတယ်။

source:တိုင်ရွန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။