အမြဲတမ်း နည်းပြရာထူး ရခဲ့တဲ့ ဆိုးလ်ရှားအတွက် ပထမဆုံး ပွဲဖြစ်ပြီး ဝက်ဖို့ဒ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။ အထူးသဖြင့် ဝက်ဖို့ဒ်ရဲ့ ကစားပုံကြောင့် ယူနိုက်တက်တို့ ရုန်းကန်ခဲ့ရသလို ကစားသမား အများစု ပုံမှန် ခြေစွမ်းအောင် ရောက်နေခဲ့ကြပါတယ်။ ကွင်းလယ်ပိုင်းမှာ ပေါ့ပ်ဘာ၊ မာတစ် အတွဲ မမိသလို ဝက်ဖို့ဒ် ကွင်းလယ်ကို မထိန်းနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ ယူနိုက်တက် ကစားပုံ မဆိုးလှသလို ဦးဆောင်ဂိုးလည်း ရခဲ့ပါတယ်။ ၂၈မိနစ်မှာ ရပ်ရှ်ဖို့ဒ်က အိမ်ရှင်အတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဝက်ဖို့ဒ် ကွင်းတစ်ဝက်ဖိကစားခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာ အဆုံးသတ် သေချာတဲ့သူမရှိလို့ ဂိုးမရခဲ့တာပါ။
ယူနိုက်တက်အတွက် ဖိအားတွေ လျော့နည်းစေတဲ့ ဂိုးကို ဒုတိယပိုင်း ၇၂မိနစ်မှာ မာရှယ်လ်က သွင်းခဲ့ပြီး ပွဲပြီးခါနီးမှာ ဝက်ဖို့ဒ်ဖက်က ဒီကိုရီ တစ်ဂိုးပြန်သွင်းလို့ မန်ချက်စတာယူနိုက်တက် ၂-၁ဂိုးနဲ့ နိုင်ခဲ့တာပါ။
source:thesun
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။