အလှူရေစက်လက်နဲ့မကွာဆိုတဲ့ စကားလေးအတိုင်း လိုအပ်တဲ့နေရာမှာ လိုအပ်သူတွေကို ထောက်ပံ့ ကူညီပေးခဲ့တဲ့အထဲမှာ မခိုင်ပြည့်စုံလည်း တစ်ယောက် အပါအဝင်ပါပဲ။ သူမဟာ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး သီဟသုဓမ္မသိင်္ဂီဘွဲ့ရ အမျိုးသမီးတစ်ယောက်ပါပဲ။ ပေး၍မကုန် လှူ၍မခမ်းဆိုတဲ့ စကားလေးလည်းရှိတာမို့ သူမရဲ့မွန်မြတ်တဲ့အလှူတွေဟာ လိုအပ်သူတွေအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ် စေခဲ့တာမို့ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ဆုကို နိုင်ငံတော်က ပြန်လည်ချီးမြှင့်ခဲ့တာပဲ ဖြစ်ပါ တယ်။

ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတဲ့အမျိုးသမီးတစ်ဦးလို့တောင်ဆိုနိုင်တဲ့ သူမရဲ့လှပမှုနဲ့ ကျက်သရေရှိမှု ဟာ မြင်သူတိုင်းကို အံ့သြမှင်သက်သွားစေနိုင်လောက်ပါရဲ့။ သူမရဲ့ခင်ပွန်းဟာလည်း သူမရဲ့ စိတ်တိုင်းကျ လှူဒါန်းမှုကို ပါရမီဖြည့်ပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ ဒါနကို သဒ္ဒါထက်သန်စွာနဲ့ လှူဒါန်းနိုင်တဲ့ သူမရဲ့စိတ်ထားနဲ့ ရက်ရောမှု ကတော့ လူတိုင်းအတုယူချင်စရာပါပဲ။

ဒီဘဝမှာလည်း လှပမှုအဆင်းနဲ့ ဒါနလည်းကောင်းမွန်ပြီး ပေးကမ်းစွန့်ကြဲတတ်တဲ့ သူမဟာ ဒါနမျိုးစေ့တွေကို လှလှပပ ဖြန့်ကြဲထားလိုက်ပုံက တကယ့်ကိုလေးစားအားကျ ချင်စရာပါပဲ။ လှပကျော့ရှင်းတဲ့ သူမနဲ့ သဒ္ဒါတရားကောင်းမွန်တဲ့ မွန်မြတ်တဲ့စိတ်ထား လေးကို လေးစားချီးကျူးမိတာမို့ ပရိသတ်ကြီးလည်း အတုယူနိုင်အောင် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Khine Pyie Sone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။