မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကနောက်ခံလူတစ်ယောက်ဖြစ်တဲ့ဇော်မင်းထွန်းကတော့ဒီနှစ်ဘောလုံးရာသီမှာထိုင်းလိဒ်ကလပ်ချောင်ဘူရီမှာကစားနေတာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းနဲ့မြန်မာ့လက်ရွေးစင်အသင်းမှာလည်းခြေစွမ်းပြပြီးအောင်မြင်မှုတွေယူပေးနိုင်တဲ့နောက်ခံ ခံစစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်ပွဲစဉ်တွေမှာလည်းပွဲထွက်ခွင့်ပုံမှန်ရနေတဲ့ကစားသမားဖြစ်ပါတယ်။

ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲဟာပြိုင်ဆိုင်မှုပြင်းထန်ပြီးကစားသမားတွေကလည်းခြေစွမ်းမြင့်ကစားသမားတွေပိုင်ဆိုင်ထားတာကြောင့်မြန်မာကစားသမားတွေဟာပိုပြီးတော့ကြိုးစားရပါတယ်။ဇော်မင်းထွန်းကတော့ချောင်ဘူရီအသင်းမှာလျင်လျင်မြန်မြန်နဲ့အသားကျပြီးခြေစွမ်းပြနိုင်တာကြောင့်နည်းပြတွေပရိသတ်တွေကတောင်ချီးကျူးနေရတာပါ။

ထိုင်းလိဒ်မှာခြေစွမ်းတွေပြနေတဲ့ဇော်မင်းထွန်းကတော့မနေ့ကယှဉ်ပြိုင်ကစားတဲ့ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲမှာတော့ဂိုးစတင်သွင်းယူခဲ့ပါတယ်။ဒီပွဲမှာတော့ပွဲဦးစဂိုးကိုသွင်းယူခဲ့တာဖြစ်ပြီးမြန်မာကစားသမားတွေအနေနဲ့တိုင်းတစ်ပါးမှာနိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပါပြီ။မြန်မာပရိသတ်တွေသာမကထိုင်းပရိသတ်တွေရဲ့အချစ်တွေကိုပါသိမ်းပိုက်ထားတဲ့ဇော်မင်းထွန်းရဲ့သွင်းဂိုးလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

SOURCE:Thai League MM Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။