ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ကူလ်ရှန်ဈေးထဲမှာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းဈေးကတော့ မြို့တော် ဒါကာအတွင်းမှာရှိတဲ့ ဈေးတစ်ခုဖြစ်ပြီး ဒေသစံတော်ချိန် မနက်ပိုင်းလောင်မှာ မီးလောင်ကျွမ်းခဲ့တာပဲဖြစ်ပါတယ်။

၎င်းဈေးဟာ ဟင်းသီးဟင်းရွက် နဲ့အသားငါးတွေပေါပေါလောလော ရောင်းတဲ့ဈေးဖြစ်သလို မီးလောင်ကျွမ်းလွယ်တဲ့ ပလတ်စတစ်တွေ အရုပ်တွေနဲ့ အခြားသောကုန်ခြောက်တွေများစွာ ရောင်းချတဲ့ဈေးတစ်ခုပဲဖြစ်ပါတယ်။

မနေ့ထိတော့ မီးလောင်ကျွမ်းရတဲ့အကြောင်းကိုလည်း မသိရှိရသေးသလို သေဆုံးသူစာရင်းကိုလည်း မသိရှိရသေးပါဘူး။

၎င်းဈေးဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ဖူးပေမယ်

ဈေးသူဈေးသားတွေအနေနဲ့ ၎င်းမီးလောင်မှုကြောင့် ဆုံးရုံးသွားတဲ့ကုန်ပစ္စည်းတွေနဲ့ပတ်သတ်ပြီး ဘာလျော်ကြေတစ်စုံတရာမှ မရရှိခဲ့ဘူးလို့သိရပါတယ်။

source- dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။