ကိုရီးယာလွှတ်တော်အမတ်တွေကတော့ ပြီးခဲ့တဲ့မတ်လ ၂၉ ရက်နေ့ကမြောက်ကိုရီးယားနဲ့ပတ်သတ်တဲ့ ပြောကြားချက်တွေကို ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

သူတို့ပြောကြားခဲ့တာကတော့ မြောက်ကိုရီးယားဟာ လက်ရှိအချိန်မှာ ဆိုဟေးဒုံးကျည်ပစ်လွှတ်စခန်း ပြန်လည်တည်ဆောက်နေတာ ပြီးသလောက်ဖြစ်နေပြီဆိုတာပဲဖြစ်ပါတယ်။

၎င်းဒုံးကျည်ပစ်လွှတ်စခန်းကတော့ မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ထုံးချန်းဂီမြို့မှာ တည်ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းလွှတ်တော်အမတ်တွေဟာ မြောက်ကိုရီးယားရဲ့ ယောင်ဗြွန် နျူကလီးယား ဓာတ်ပေါင်းဖိုက ယူရေနီယမ် သန့်စင်လုပ်ငန်းဟာလည်း ပုံမှန်အတိုင်း လုပ်ငန်း လည်ပတ်နေတယ်လို ပြောကြားခဲ့ပါသေးတယ်။

၎င်းနျူကလီးယား ဓာတ်ပေါင်းဖိုဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက ပိတ်သိမ်းပြီး လုပ်ငန်းလုပ်ဆောင်တာတွေရပ်ဆိုင်းခဲ့ပေမယ့် လက်ရှိအချိန်မှာ ပြန်လည် လည်ပတ်နေတယ်ဆိုတဲ့သတင်းစကားထွက်လာတဲ့အတွက် နိုင်ငံတော်တော်များများကတော့ စိုးရိမ်ပူပန်နေတာတွေ့ရပါတယ်။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။