မတ်လ ၃၁ ရက်နေ့ မနေ့ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ အောင်လအန်ဆန်းတို့ရဲ့ ပွဲကောင်းကြီးကိုတော့ အားလုံးကြည့်ရှု့မိကြမယ်ထင်ပါတယ်။ ပြိုင်ပွဲတိုင်းကို အချိန်အတိုတွင်း ထိုးသတ်လေ့ရှိတဲ့ အောင်လအန်ဆန်းကတော့ မနေ့က ပွဲမှာလည်း ဒုတိယအချီနဲ့အလဲထိုးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ပထမအကြိမ်ရန်ကုန်မြို့မှာ ထိုးသတ်ခဲ့စဉ်က ပြည်တွင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြောင့် ၅ ချီတိုင်တိုင်ထိုးသတ်ပေးခဲ့ပြီး နိုင်ပွဲအပြီး " ကုလားကားကြည့်ကောင်းလား" ဟူ ပြန်လည်မေးခွန်းထုတ်ခဲ့တာပဲဖြစ်ပါတယ်။  

ယခု ဒုတိယအကြိမ် တိုကျိုမြို့ပြိုင်ပွဲမှာတော့ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ အစောဆုံး အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို ပြည်တွင်းပြည်ပကြည့်ရှု့သူများစွာရှိခဲ့ပြီး အောင်လအန်ဆန်းရဲ့ နိုင်ပွဲကို ချီးကြူးဂုဏ်ပြုခြင်းတွေပြုလုပ်ပေးခဲ့ကြတာတွေ့ရပါတယ်။  

ပွဲစစခြင်းကတည်းက တိုက်စစ်ဖွင့် ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ထိုးကွက်တွေက ပြိုင်ဘက်ဖိုက်တာ ခန်ဟစဲဂါဝါကို အထိနာစေခဲ့ပြီး ဒုတိယအချီပြီးဆုံးရန် စက္ကန့်ပိုင်းအလိုမှာပဲ ညာလက်သီးအားပြင်းပြင်းဖြင့် အလဲထိုးအဆုံးသတ်ခဲ့ပြီး ကြည့်ရှု့သူတွေကို ကျေနပ်စေခဲ့တာတွေ့ရပါတယ်။ အမိုက်စားထိုးကွက်တွေနဲ့ ပရိသတ်တွေကို အကြိုက်တွေ့ခဲ့တဲ့ မနေ့ညက အောင်လအန်ဆန်းနဲ့ ခန်ဟစဲဂါဝါတို့ရဲ့ ပွဲကောင်းလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDE0 - ONE CHAMPIONSHIP 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။