ဂျပန်နိုင်ငံ၊ ဖူကိုကာစီရင်စုနယ်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး လက်ဆင့်ကမ်းမာရသွန်ပြိုင်ပွဲတစ်ခုမှာတော့ အပြေးမယ်လေးတစ်ယောက်ရဲ့ အဖြစ်အပျက်ဟာပရိသတ်တွေကိုစိတ်မကောင်းဖြစ်သွားစေပါတယ်။အဆိုပါဖြစ်ရပ်လေးကိုကြည့်မိသူတိုင်းကတော့ချီးမကျူးပဲမနေနိုင်လောက်အောင်ကိုဖြစ်သွားစေတာဖြစ်ပါတယ်။အဆိုပါvideoလေးဟာလည်းခဏလေးအချိန်တွင်းမှာလူမှုကွန်ရက်မှာနာမည်ကြီးပြီးပရိသတ်တွေချီးကျူးခဲ့ကြပါတယ်။

သူမကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အသက် (၁၉)နှစ်အရွယ်သာရှိသေးတာဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲက အပြေးသမား (၆) ယောက်ကိုတစ်ဖွဲ့စီယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲဖြစ်ပြီးတစ်ယောက်ကို(၄.၅)မိုင်စီပြေးကြရတဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုဂျပန်ပြည်တွင်းရုပ်သံတိုင်းတစ်ခုကနေ တိုက်ရိုက်ထုတ်လွှင့်နေခဲ့ပြီးပရိသတ်တွေများစွာကြည့်ရှုခဲ့ကြတာပါ။

အိဒ ဟာ တခြားအပြေးသမားတွေလိုပဲ သူ့ရဲ့ပြေးလမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပေမယ့်အသင်းဖော်ဆီရောက်ဖို့ ကိုက် (၇၀၀)လောက်အလိုမှာ ခြေထောက်ခေါက်လဲ သွားခဲ့တာဖြစ်ပါတယ်။ကြည့်နေတဲ့ပရိသတ်တွေကတော့ပြန်ထနိုင်လာဖို့မျှော်လင့်ထားပေမယ့်သူကတော့ပြန်မထနိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်းသူ့ရဲ့ဒူးနဲ့လက်ကို သုံးကာ ရှေ့ဆက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ကတ္တရာလမ်းပေါ်မှာ လေးဖက်ထောက်လို့ သွားခဲ့တာပြီးနောက်ဆုံးမှာသူ့အသင်းဖော်တွေဆီရောက်သွားခဲ့ပါတယ်။သူ့ရဲ့videoလေးကလည်းပရိသတ်တွေကြားမှာယခုချိန်ထိအတုယူဖွယ်စိတ်ဓာတ်ဖြစ်နေတာကြောင့်ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။