မတ်လ ၃၁ ရက်နေ့ မနေ့ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ အောင်လအန်ဆန်းတို့ရဲ့ ပွဲကောင်းကြီးကိုတော့ အားလုံးကြည့်ရှု့မိကြမယ်ထင်ပါတယ်။ ပြိုင်ပွဲတိုင်းကို အချိန်အတိုတွင်း ထိုးသတ်လေ့ရှိတဲ့ အောင်လအန်ဆန်းကတော့ မနေ့က ပွဲမှာလည်း ဒုတိယအချီနဲ့အလဲထိုးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ဒုတိယအကြိမ် တိုကျိုမြို့ပြိုင်ပွဲမှာတော့ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ အစောဆုံး အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို ပြည်တွင်းပြည်ပကြည့်ရှု့သူများစွာရှိခဲ့ပြီး အောင်လအန်ဆန်းရဲ့ နိုင်ပွဲကို ချီးကြူးဂုဏ်ပြုခြင်းတွေပြုလုပ်ပေးခဲ့ကြတာတွေ့ရပါတယ်။  

ပွဲစစခြင်းကတည်းက တိုက်စစ်ဖွင့် ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ထိုးကွက်တွေက ပြိုင်ဘက်ဖိုက်တာ ခန်ဟစဲဂါဝါကို အထိနာစေခဲ့ပြီး ဒုတိယအချီပြီးဆုံးရန် စက္ကန့်ပိုင်းအလိုမှာပဲ ညာလက်သီးအားပြင်းပြင်းဖြင့် အလဲထိုးအဆုံးသတ်ခဲ့ပြီး ကြည့်ရှု့သူတွေကို ကျေနပ်စေခဲ့တာတွေ့ရပါတယ်။ အပြင်စား ခြေကန်ချက်တွေကြောင့် ခြေထောက်နဲ့ နံတွေပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပြီး ပွဲအပြီးမှာတော့ ဆေးရုံပေါ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရပါတယ်။  

ဆေးစစ်ချက်တွေအပြီး အောင်လအန်ဆန်းရဲ့ ခြေကန်ချက်တွေကြောင့် နံရိုးအချို့ကြိုးပဲ့ခဲ့ပြီး အချိန်အတော်ကြာအနားယူရဖို့ရှိနေကြောင် သိရပါတယ်။ ပထမအကြိမ်တွေ့ဆုံမှုမှာ ထိခိုက်ဒဏ်ရာပြင်းပြင်းနဲ့ ဆေးရုံပေါ်အချိန်အတော်ကြာအနားယူခဲ့ရတဲ့ ခန်ဟစဲဂါဝါတစ်ယောက် လက်ရှိမှာလည်း နံရိုးကြိုးဒဏ်ဖြင့် ထပ်မံအနားယူနေရလျှက်ရှိပါတယ်။ ဆိုးဆိုးရွားရွားအထိဖြစ်ပွားခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDE0 - ONE CHAMPIONSHIP 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။