မနေ့က မတ်လ ၃၁ ရက်နေ့မှာတော့ ပီရူးနိုင်ငံအတွင်းက နှစ်ထပ်ဘတ်စ်ကားတစီးမီးလောင်ခဲ့ပါတယ်။

၎င်းဘတ်စ်ကားကတော့ မြို့တော် လီမာအတွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားပဲဖြစ်ပါတယ်။

၎င်းကားမီးလောာင်မှုကတော့ ကားအနောက်ပိုင်းမှာရှိတဲ့ မော်တာမီးထလောင်ရာကနေ စတင်ခဲ့တာဖြစ်ပြီး ရှေ့ခန်းတွေကိုပါ တခနအတွင်း ကူးစက်ခဲ့တယ်လို့သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပေါ်ချိန်မှာဆိုရင်လည်း ၎င်းကားပေါ်မှာ အရေးပေါ်မီးသတ်ဆေးဘူးရော ဘေးကင်းရေးပစ္စည်းတွေ တစုံတခုမှမရှိတာကြောင့် လိုက်ပါလာတဲ့ ခရီးသည် အယောက် ၂၀ ထက်အနည်းသေဆုံးသွားခဲ့ရပါတယ်။

ဒါ့အပြင် ၎င်းမီးလောင်နေတဲ့ကားကိုလည်း မီးသတ်တပ်ဖွဲ့ ၈ ဖွဲ့က ကြိုးစားပြီး မီးညှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေအနေနဲ့လည်း ကားပေါ်မှာမီးသတ်ဆေးဘူးမထားရှိထားတဲ့ ၎င်းကားရဲ့ပိုင်ရှင်တွေကို အရေးယူသွားမယ်လို့ သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။