ဒီဖြစ်ရပ်လေးကတော့ ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်နဲပ မိုင်တရာအကွာမှာရှိတဲ့ ထပ်ပ်လန် အမျိုးသားဥယျာဉ်အတွင်းမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော့ ဆင်ပေါက်ကလေး ၆ ကောင်ဟာ ဆော့ကစားရင်းနဲ့ ရွှံ့အိုင်ထဲ ကျပြီး ပြန်မတက်နိုင်ဖြစ်နေခဲ့ပါတယ်။

ဒါအဖြစ်အပျက်ကိုမြင်တွေ့ခဲ့ရတဲ့ ထိုင်းအရာရှိတွေဟာဆိုရင်လည်း ဆင်ပေါက်ကလေးတွေကို ဆင်ခြေလျောလေးတခု တူးပေးခဲ့ပြီးကယ်တင်ပေးခဲ့ပါတယ်။

ဆင်ပေါက်ကလေးတွေဟာဆိုရင်လည်း အရာရှိတွေတူးပေးတဲ့ ဆင်ခြေလျောလေးအတိုင်း ကူတင်ပေးစရာတောင်မလိုဘဲ သူတို့အစွမ်းအစနဲ့ သူတို့ပြန်တက်လာခဲ့ကြတာကိုတွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ဆင်လေးတွေဟာ သူတို့နေထိုင်ရတဲ့နေရာဆီကို ပြန်သွားကြပြီး ဒီဖြစ်ရပ်လေးကို လာရောက်ကြည့်ရှုနေသူတွေက ကယ်တင်ပေးခဲ့တဲ့ အရာရှိတွေကို ကောင်းချီးပေးခဲ့ကြတယ်လို့သိရပါတယ်။

ပရိသတ်တွေအတွက် ဒီဖြစ်ရပ်လေးကိုရိုက်ကူထားတဲ့ ဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးလိုက်ပါတယ်နော်။

source - Goneviral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။