မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ဧပြီလအစောပိုင်း ၁ရက်နေ့မှာလည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။    

အဆိုပါ မီးလောင်မှုကတော့ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဂ ရပ်ကွက် ဘောဂလမ်းသွယ် (၂) တငွ် ဒီကနေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်က လောင်ကျွမ်းခဲ့တာဖြစ်ကြောင် းသိရပါတယ်။ မီးလောင်ရာနေရာသို့ မီးသတ်ဌာနမှ Level 1 အဆင့်ဖြင့် သွားရောက်ငြိမ်းသတ်ကာ အရေးပေါ်လူနာတင်ယာဉ်များလည်း တပါတည်းလိုက်ပါခဲ့ရကြောင်း သိရပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ပြီး ညနေ ၃နာရီ ဝန်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။  

မီးလောင်မှုဖြစ်ပွားရာနေရာမှ အမျိုါ်သားတစ်ဦး ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းကို မသိရှိရသေးပဲ လက်ရှိ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ ဒီကနေ့ အစောပိုင်းကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - နာရေးကူညီမှုအသင်း ရန်ကုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။