ဖေဖော်ဝါရီလမှာ စတင်ပြုလုပ်ခဲ့တဲ့ ငွေကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကတော့ ပရိသတ်တွေရဲ့ အိမ်မတ်တွေကို အမှန်တကယ်ပြောင်းလဲစေမှာအမှန်ပဲဖြစ်ပါတယ်။ အဆိုပါ သိန်းတစ်သောင်းခွဲကံထူးရှင်ကို ဧပြီလ ၁ ရက်နေ့ မနေ့က ဒုတိယအကြိမ်မြောက် ရွေးချယ်ခဲ့ပြီး သိန်းတစ်သောင်းခွဲကံထူးရှင်တစ်ဦးကို ထပ်မံရွေးထုတ်ပေးခဲ့ပြန်ပါပြီ။ အဆိုပါ ကံထူးရှင် ကတော့ ဧရာဝတီတိုင်းဒေသကြီးမှာနေထိုင်တဲ့ မိသားစုတစ်စုဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ သိန်းတစ်သောင်းခွဲဆုရှင်ကတော့ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ အမှတ်(၃) ရပ်ကွက်တွင် နေထိုင်သော မိသားစုတစ်စုမှာ ဆုခူးခဲ့တာပဲဖြစ်ပါတယ်။ ဆင်းရဲချို့တဲ့သော မိသားစုတစ်စုဖြစ်တာကိုတော့ အဆိုပါ ကံထူးရှင်ရဲ့ လက်ရှိနေထိုင်သော အိမ်ကို တွေ့မြင်ခြင်းဖြင့် သိရှိနိုင်တာပဲဖြစ်ပါတယ်။ ရိုးသားကြိုးစားတဲ့ တောသူတောင်သားမိသားစုတစ်စုဖြစ်ပြီး ငယ်ရွယ်သေးတဲ့ အိမ်ထောင်စုတစ်စုလည်း ဖြစ်ပါတယ်။  

အဆိုပါ ကျပ်သိန်းတစ်သောင်းခွဲဆုရှင်နဲ့ပတ်သက်ပြီး ပရိသတ်အားလုံးနီးပါကတော့ ဆင်းရဲတဲ့ မိသားစုတစ်စုက ရရှိခဲ့တာကြောင့် ဝမ်းသာခဲ့ရပြီး ထပ်တူကြည်နူးကြောင်း ရေးသားကြတာတွေ့ရပါတယ်။ ဒါအပြင် ငါးရာတန်ထိမှ ငွေကျပ်သိန်းတစ်သောင်းဆုကိုတော့ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်က ဆွတ်ခူးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီလရဲ့ အဓိကကံထူးရှင်အဖြစ်ပေါ်ထွက်လာတဲ့ သိန်းတစ်သောင်းခွဲဆုရှင်ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - pyi myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။