မတ်လ ၃၁ ရက်နေ့ မကြာသေးမီက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ အောင်လအန်ဆန်းတို့ရဲ့ ပွဲကောင်းကြီးကိုတော့ အားလုံးကြည့်ရှု့မိကြမယ်ထင်ပါတယ်။ ပြိုင်ပွဲတိုင်းကို အချိန်အတိုတွင်း ထိုးသတ်လေ့ရှိတဲ့ အောင်လအန်ဆန်းကတော့ မနေ့က ပွဲမှာလည်း ဒုတိယအချီနဲ့အလဲထိုးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ဒုတိယအကြိမ် တိုကျိုမြို့ပြိုင်ပွဲမှာတော့ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ အစောဆုံး အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို ပြည်တွင်းပြည်ပကြည့်ရှု့သူများစွာရှိခဲ့ပြီး အောင်လအန်ဆန်းရဲ့ နိုင်ပွဲကို ချီးကြူးဂုဏ်ပြုခြင်းတွေပြုလုပ်ပေးခဲ့ကြတာတွေ့ရပါတယ်။   

ပွဲစစခြင်းကတည်းက တိုက်စစ်ဖွင့် ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ထိုးကွက်တွေက ပြိုင်ဘက်ဖိုက်တာ ခန်ဟစဲဂါဝါကို အထိနာစေခဲ့ပြီး ဒုတိယအချီပြီးဆုံးရန် စက္ကန့်ပိုင်းအလိုမှာပဲ ညာလက်သီးအားပြင်းပြင်းဖြင့် အလဲထိုးအဆုံးသတ်ခဲ့ပြီး ကြည့်ရှု့သူတွေကို ကျေနပ်စေခဲ့တာတွေ့ရပါတယ်။ အပြင်စား ခြေကန်ချက်တွေကြောင့် ခြေထောက်နဲ့ နံတွေပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပြီး ပွဲအပြီးမှာတော့ ဆေးရုံပေါ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ပြင်းထန်တဲ့အောင်လအန်ဆန်းရဲ့ ခြေကန်ချက်တွေကြောင့် ခန်ဟစဲဂါဝါတစ်ယောက် နံရိုးကြိုး၊ကာ အဆုပ်ထဲသွေးယိုမှုတွေပါ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

ပြိုင်ပွဲအပြီး ဆေးရုံသို့ တခါတည်း ပို့ဆောင်ခဲ့ရပြီး အဆိုပ်ထဲသွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုတွေနဲ့အတူ သွေး နှစ်လိတာခန့်သွင်းခဲ့ရကြောင်း သိရပါတယ်။ ခွဲစိတ်ကုသမှုကို အောင်မြင်စွာပြီးစီးနိုင်ခဲ့ပေမယ့်လည်း အချိန်တော်ကြာအနားယူရဖို့ရှိနေကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါရဲ့ ဆေးရုံပေါ်မှ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - KEN HASEGAWA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။