ကမ္ဘာအကောင်းဆုံးဘောလုံးသမားတွေဖြစ်တဲ့ရော်နယ်ဒိုနဲ့မက်ဆီတို့ကတော့တစ်ကမ္ဘာလုံးကပရိသတ်တွေအားကျနေရတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကစားသမားကောင်းတွေထွက်ပေါ်လာခဲ့ပေမယ့်လည်းသူတို့လောက်ယနေ့အချိန်ထိအကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ကစားသမားတွေကရှားပါးနေတုန်းပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့လွန်ခဲ့တဲ့နှစ်တွေကအထိလိဒ်တစ်ခုတည်းမှာပြိုင်ဆိုင်မှုတွေနဲ့ကစားခဲ့ကြတာဖြစ်ပါတယ်။စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ရီးရဲမက်ဒရစ်နဲ့ဘာစီလိုနာတို့မှာအောင်မြင်မှုတွေယူနိုင်တဲ့ကစားသမားတွေပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုတွေကလည်းပရိသတ်တွေအတွက်အမြဲပွဲကောင်းတွေဖြစ်စေခဲ့တာပါ။

ခုမှာတော့ရော်နယ်ဒိုကအီတလီထိပ်သီးဂျူဗင်တပ်အသင်းကိုပြောင်းရွေ့ပြီးနောက်ပိုင်းသူတို့နှစ်ယောက်ရဲ့အားပြိုင်မှုတွေကိုမတွေ့ရတော့တာပါ။မက်ဆီကတော့အင်တာဗျုးတစ်ခုကနေရော်နယ်ဒိုကိုသတိရလွမ်းဆွတ်မိကြောင်းထုတ်ပြောသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကခုချိန်မှာလည်းသက်ဆိုင်ရာကလပ်တွေမှာခြေစွမ်းတွေပြသနိုင်ပြီးအကောင်းဆုံးစွမ်းဆောင်နိုင်ကြတာပါ။ပရိသတ်တွေလည်းသူတို့နှစ်ယောက်ရဲ့အားပြိုင်မှုတွေကိုချန်ပီယံလိဒ်ပြိုင်ပွဲတွေမှာတွေ့ရဖို့မျှော်လင့်နေပြီးပရိသတ်တွေမျှော်လင့်သလိုဖြစ်လာနိုင်မလားဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရအောင်နော်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။