ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

သို့ပေမယ့် အာရပ်ခေါင်းဆောင်တွေကတော့ ထရမ့်ရဲ့ အသိအမှတ်ပြုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်ကိုရဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အာရပ်ခေါင်းဆောင်တွေကတော့ ယခုပြောကြားချက်ကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကပြုလုပ်တဲ့ အာရပ်ညီလာခံမှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် အာမတ် အဘူအယ်လဟီ ဟာဆိုရင်လည်း အမေရိကန်ရဲ့ အခုလိုဆုံးဖြတ်ချက်ဟာ လုံးဝအဓိပ္ပါယ်အရှိဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အာရပ်ညီလာခံကိုတက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဟာဆိုရင်လည်း ဆီးရီးယားအရေးနဲ့ ပတ်သက်တဲ့ ဘယ်လိုဖြေရှင်းချက်မှာမဆို သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့် ဒေသ အပါအဝင် ဆီးရီးယားရဲ့ နယ်မြေအုပ်ချုပ်ရေး၊ အချုပ်အခြာအာဏာ စတဲ့ အချက်အလက်တွေ ပါရမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။