ဖေဖော်ဝါရီလမှာ စတင်ပြုလုပ်ခဲ့တဲ့ ငွေကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကတော့ ပရိသတ်တွေရဲ့ အိမ်မတ်တွေကို အမှန်တကယ်ပြောင်းလဲစေမှာအမှန်ပဲဖြစ်ပါတယ်။ အဆိုပါ ငွေကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်တွေရဲ့ ဒုတိယအကြိမ်မြောက် ကံထူးရှင်တွေကိုကို ဧပြီလ ၁ ရက်နေ့ မနေ့က ရွေးချယ်ခဲ့ပြီး သိန်းတစ်သောင်းခွဲကံထူးရှင်နဲ့အတူ အခြားသိန်းဆုရှင်တွေကိုပါ ထပ်မံရွေးထုတ်ပေးခဲ့ပြန်ပါပြီ။  

အဆိုပါ သိန်းဆုရှင်တွေထဲမှာ ငွေကျပ်သိန်းတစ်ရာ ကံထူးရှင်တစ်ဦးကတော့ ပြည်မြီု့မှ ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မနေ့က ဖွင့်လှစ်ပေးခဲ့တဲ့ ဒုတိယအကြိမ်မြောက် အောင်ဘာလေထီမှ အ ၆၀၈၅၇၆ နံပတ်ဖြင့် ငွေကျပ်သိန်းတစ်ရာဆုကို ပြည်မြို့ လမ်းမတော်လမ်း " အောင်နိုင် " စာပေတိုက်ဘေးပင်ရင်းထီဆိုင်ကြိးမှ မဝင့်ရတီအောင် ပတ္တမြား(၁)လမ်း နဝင်းကွက်သစ်နေသူတစ်ဦးက ရရှိခဲ့ကြောင်း သိရပါတယ်။  

အဓိကသိန်းဆုကြီးမဟုတ်ပေမယ့်လည်း သာမာန်လူတန်းစားတွေအတွက် အလွန်တန်ဖိုးကြီးတဲ့ ဆုကြီးတစ်ခုဖြစ်သလို ပြည်တွင်းသိန်းဆုကံထူးရှင်တွေထဲက တစ်ဦးလဲဖြစ်ခဲ့ပါပြီ။ ဒီကနေ့ ဧပြီလ ၂ ရက်နေ့ ဒီကနေ့မှာထွက်ပေါ်လာတဲ့ ပြည်မြို့ရှိ ငွေကျပ်သိန်းတစ်ရာ ကံထူးရှင်မိသားစုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေလိုက်ပါတယ်။

pHOTOS - ပြည်သတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။