ဘိုင်ယန် နဲ့ ရီဘာရီ ရယူ ခဲ့တဲ့ အောင်မြင်မှု တွေ က ရီဘာရီဘယ်လို ကစားသမားလဲဆိုတာ သက်သေ ထူနေပါတယ် ။ ဘိုင်ယန်မြုးနစ် ဟာ လည်း ဂျာမန်သား မဟုတ်တဲ့ ရီဘာရီ ကို ကလပ် အသင်း မှာ ဆယ်စုနှစ် တစ်ခု ကျော် ကြာအောင် ဆက်လက် ထား ခဲ့ ပြီး အသက် ၃၅ နှစ် ရောက် နေသည့် တိုင် စာချုပ်သစ် ကမ်းလှမ်း နေဆဲ ဖြစ် ပါတယ် ။

ရီဘာရီကတော့ ငယ်ငယ်က မော်တော်ကားပေါ်မှာ ထိုင်ခုံခါးပတ်ကို မပတ်ထားခဲ့ ရီဘာရီဟာ ကားမှန်ကတဆင့် အပြင်ကို လွင့်ထွက်သွားခဲ့ပြီးတော့ ကံကောင်းထောက်မလို့သာ အသက်ရှင်နေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ရီဘာရီဟာ ငယ်ငယ်လေးကတည်းက ကြီးမားတဲ့ အမာရွတ်ကြီးနဲ့ ရှင်သန်ခဲ့ရတာဖြစ်ပြီး အဲဒီအပေါ်မှာ သူက စိတ်ဓာတ်မကျပေမယ့် ယခုမှတော့ ဘဝကို ပျော်ပျော်ဘဲ နေထိုင်နေပါတယ်။

ရီဘာရီတစ်ယောက် ရုပ်ကြမ်းပေမယ့် နလုံးသားနူးညံပြီး ပျော်ရွှင်တတ်တယ်ဆိုတာ အခုဖော်ပြမယ့်ဗီဒီယိုလေးက သက်သေပြနေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကမ္ဘာ့အခွက်အပြောင်ဆုံးဘောလုံးသမားအဖြစ် ရီဘာရီရဲ့ အသင်းသားတွေကို လိုက်စနောက်နေတဲ့ ရယ်စရာဗီဒီယိုလေး ကို ဖော်ပြပေးလိုက်ပါတယ်။

source: the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။