ပရိသတ်ကြီး ကို ဒီတစ်ခါ အထူးအဆန်း ဖြစ်ရပ်တခုအနေနဲ့ ဖော်ပြပေးချင်တာကတော့ ကောင်းကင်ယံကနေ ရွာသွန်း ဖြိုးလာတဲ့ ပင့်ကူမိုးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ပင့်ကူမိုးဟာ ၂၀၀၇ခုနှစ် ဧပြီလ ၆ရက်နေ့တုန်းက အာဂျင်တီးနားနိုင်ငံ Salta ပြည်နယ်မှာ ရွာသွန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို မိုးရွာသွန်းတာကို ထို ပြည်နယ်မှာ အပန်းခြေခရီး ထွက်လာတဲ့ အဖွဲ့တစ်ဖွဲ့က စတင်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Christian Oneto Gaona တို့ သူငယ်ချင်း အဖွဲ့ တစ်ဖွဲ့ဟာ Salta ပြည်နယ်မှာရှိတဲ့ SanBernardoတောင်ကို အပန်းဖြေခရီး အဖြစ်တက်ခဲ့ကြပါတယ်။ တောင်ပေါ်တက်နေတုန်း ၂နာရီလောက်အကြာမှာတော့ Christianဟာ ပင့်ကူတွေ အများအပြား မြေပြင်ပေါ်မှာ၇ှိနေတာကို သတိထားမိခဲ့ပြီး ခဏအကြာမှာတော့ ကောင်းကင်ကနေ ပင့်ကူမိုးတွေ နောက်တစ်ကြိမ် ရွာချလာတာကို ကြုံတွေ့ခဲ့ရပါတယ်။

ခုလိုရွာသွန်းတာကို သူ့တစ်သက်မှာ တစ်ခါ မှ မကြုံခဲ့ရတာကြောင့် အထူးအဆန်းဖြစ်ခဲ့ရပြီး သူရဲ့ ကင်မရာနဲ့ မှတ်တမမ်းတင်ခဲ့ပြီး လူမှုကွန်ယက်ပေါ်ကို ပြန်လည် ဝေမျှပေးခဲ့ပါတယ်။ ယခုလို ပင့်ကူမိုးရွာရတဲ့အအကြောင်းရှုးဟာ ထူးခြားလှတဲ့ ဖြစ်စစဉ်တစ်ခု ဖြစ်တာကြောင့် သိပ္ပံပညာရှင်တွေကဘာကြောင့် ရွာခဲ့လဲဆိုတာကို အဖြေရှာဖို့ ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။