မြန်မာ့နိုင်ငံရဲ့ အဓိကပင်မ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတိုင်းကို ပြည်တွင်း ပြည်ပလေ့လာကြည့်ရှု့သူများစွာရှိနေတာ အားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ နိုင်ငံထိပ်သီးခေါင်းဆောင်များရဲ့ အာရုံစိုက်မှုကို အဓိကခံနေရသူတစ်ဦးဖြစ်ပြီး နိုင်ငံတာဝန်များစွာကို ထမ်းဆောင်နေတဲ့ ရဲရင့်သူအမျိုးသမီးသူရဲကောင်းတစ်ဦးလည်းဖြစ်တာကို အားလုံးလက်ခံကြမယ်ထင်ပါတယ်။ အမေစုကတော့ လက်ရှိပြည်ပနိုင်ငံများစွာကို သွားရောက်လေ့ရှိပြီး နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ 

နိုင်ငံတကာမှ ပေးအပ်ခဲ့တဲ့ ဆုတံဆိပ်များစွာကို ရရှိထားသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင်များစွာရဲ့ လေးစားဂုဏ်ပြုမှုတွေကိုလည်း သိမ်းပိုက်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါ ဂုဏ်ပြုမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက်တေးသီချင်းနဲ့ အတူ ပုံတူပန်းချီရေးဆွဲခဲ့တဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ "The Lady" အမည်ရှိ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုသီချင်းလေးပဲဖြစ်ပြီး နိုင်ငံခြားလူမျိုးတွေဖြစ်တဲ့ MISTY SALL အဖွဲ့မှ သီဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် အမိုက်စားသီချင်းနဲ့အတူ ပုံတူပန်းချီဆွဲဂုဏ်ပြုသီဆိုလိုက်တဲ့ အဆိုပါ သီချင်းဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vIDEO - UBALL GA UBALLGA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။