မြန်မာ့နိုင်ငံရဲ့ အဓိကပင်မ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတိုင်းကို ပြည်တွင်း ပြည်ပလေ့လာကြည့်ရှု့သူများစွာရှိနေတာ အားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ နိုင်ငံထိပ်သီးခေါင်းဆောင်များရဲ့ အာရုံစိုက်မှုကို အဓိကခံနေရသူတစ်ဦးဖြစ်ပြီး နိုင်ငံတာဝန်များစွာကို ထမ်းဆောင်နေတဲ့ ရဲရင့်သူအမျိုးသမီးသူရဲကောင်းတစ်ဦးလည်းဖြစ်တာကို အားလုံးလက်ခံကြမယ်ထင်ပါတယ်။ နိုင်ငံတကာမှ ပေးအပ်ခဲ့တဲ့ ဆုတံဆိပ်များစွာကို ရရှိထားသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင်များစွာရဲ့ လေးစားဂုဏ်ပြုမှုတွေကိုလည်း သိမ်းပိုက်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒါအပြင် ဂျပန်နိုင်ငံက အလယ်တန်းအဆင့်ဖတ်စာအုပ်အချို့မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်းကို ထည့်သွင်းပြဠာန်းထားတာတွေ့ရပါတယ်။ ပညာရေးမြင့်မားလှ ဂျပန်နိုင်ငံဟာဆိုရင် နိုင်ငံတကာအသိအမှတ်ပြုရ သင်ရိုးညွန်းတမ်းတွေကိုထည့်သွင်းထားပါတယ်။ အလယ်တန်းအဆင့်မှာတော့ ကမ္ဘာ့ကျော်အထင်ကရ ပုဂ္ဂိုလ်များကို ယှဉ်တွဲဖော်ပြထားပါတယ်။ အဆိုပါကမ္ဘာ့ကျော်ပုဂ္ဂိုလ်တွေထဲမှာတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခြားငြိမ်းချမ်းရေးနိုဘယ်ရှင်တွေဖြစ်တဲ့ နယ်ဆင်မင်ဒဲလား၊ ဝမ်ဂါရီမာသိုင်း၊ အိုဘားမာ၊ မာသာထရေဇာတို့နဲ့အတူ နှိုင်းယှဉ်ဖော်ပြခံရတာဖြစ်ပါတယ်။ 

Nagoya-shi, Aichi, Japan မှာ နေတဲ့ မြန်မာမိခင်တစ်ယောက်က ယနေ့ဟာ ဂျပန်မှာ အတန်းသင်ကျောင်းများ ပြန်ဖွင့်ရက်မို့ သူမရဲ့ အလယ်တန်းကျောင်းက အပြန်မှာ သမီးကလေးရဲ့ ဖတ်စာအုပ်တစ်အုပ်ကို ယူကြည့်တဲ့အခါမှာ ပီတိမျက်ရည်များတောင် ကျရရှာတယ်လို့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရင်ဖွင့်ထားပါတယ်။ အဆိုပါဖတ်စာကို ၂၀၁၈ခုနှစ်က စတင်ပြဌာန်းတာဖြစ်ပြီး ၂၀၁၇ ခုနှစ်က သားကြီးဖြစ်သူရဲ့ ဖတ်စာထဲမှာ မပါဝင်ခဲ့ဘူးလို့ သူမက ဝမ်းပန်းတသာ ရေးသားထားပါတယ်။

Ref - the ladies news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။