ပရိတ်သတ်တို့ မြွေကို ကြောက်ကြလား? မကြောက်တဲ့သူတော့ ရှိမယ်မထင်ပါဘူးနော်။ အသည်းယားစရာလည်းကောင်း အသက်ကိုလည်း ခြိမ်းခြောက်နိုင်စွမ်းရှိတာကြောင့် တော်တော်များများကတော့ မြွေဆိုတာနဲ့ ဝေးဝေးကနေပတ်ပြေးပြီးသားပဲနော်။ ပြီးတော့ ဒီနေ့ခေတ်မှာက ရေမြွေဆိုပြီးအဆိပ်မရှိဘူးလို့ ဘယ်သူမှတထစ်ချမပြောနိုင်တောပါဘူး။ ဘာလို့လဲဆိုတော့ ရေမြွေတွေဟာ အခြားအဆိပ်ရှိတဲ့မြွေအမျိုးအစားတစ်မျိုးမျိုးနဲ့ အကောင်ပေါက်လာခဲ့မယ်ဆိုရင် အဆိပ်ရှိမြွေတစ်ကောင်အဖြစ် အန္တရာယ်ပေးနိုင်စွမ်းအပြည့်ရှိနေတာကြောင့်ပါပဲ။

ဒါပေမယ့် ကမ္ဘာမှာအဆိပ်ရှိပါတဲ့ဆိုတဲ့ မြွေတွေကိုဖမ်းပြီး လူထုအလယ်မှာချပြတဲ့ပွဲတော်တစ်ခုတော့ရှိပါသတဲ့။ အဲ့ဒီပွဲတော်က တော့ အီတလီနိုင်ငံ Cocullo မြို့မှာ နှစ်စဉ် မေလရဲ့အစ တစ်ရက်နေ့တိုင်းမှာပြုလုပ်လေ့ရှိပါတယ် ။ပြုလုပ်တဲ့ပုံကတော့ San Domenico Do Soraလို့ခေါ်တဲ့ သူတော်စင်ကြီးရဲ့ ရုပ်ထုကြီးပေါ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ အဆိပ်အပြင်းစားမြွေတွေကိုရုပ်ထုကြီးရဲ့ ခေါင်းပေါ်မှာရစ်ခွေလုံးထွေးကာ တစ်မြို့လုံးကလူတွေရဲ့ရှေ့ကိုအပူဇော်ခံပြီး ကြွရောက်စေတာပဲဖြစ်ပါတယ်။ အဆိပ်ပြင်းတယ်ဆိုပေမယ့် သူတို့ကိုကိုယ်တွယ်တဲ့ သူတွေကလည်း အများစုက ကျွမ်းကျင်တဲ့ မြွေအလ္လပ္ပါယ်ဆရာသမားဖြစ်ပြီးတော့ မြွေတွေကို ပွဲတော်မတိုင်ခင်ကတည်းက လိမ္မာအောင်လေ့ကျင့် ပေးပြီးသားပါတဲ့။

ဒီသူတော်စင်ကြီးကို ဘာလို့ မြွေတွေနဲ့အတူ မြို့တစ်ပတ်လှည့်ပြီးအပူဇော်ခံတာလဲဆိုတော့ ဒီသူတော်စင်ရဲ့အကြောင်းကလည်း တော်တော်လေးထူးဆန်းခဲ့ပါတယ်နော်။ ဒီသူတော်စင်ကြီးဟာဘယ်ကလာမှန်းမသိပေမယ့် coculloမြို့ရဲ့ churchကျောင်းကိုရောက်လာခဲ့ပြီးတန်ခိုးတွေ စွတ်ပြခဲ့တာပါတဲ့။ မြွေအကောင်ပေါင်းသောင်းခြောက်ထောင်ကို ထိန်းချုပ်ပြတာတွေ သွားနာတဲ့သူတွေကို တမဟုတ်ချင်းပျောက်ကင်းအောင်လုပ်ပေးတာတွေ လာဘ်လာဘတွေဝင်အောင် လုပ်ပေးတာတွေ စတာတွေကို လုပ်ပြခဲ့ပြီးတော့ church ကျောင်းမှာ ခုနှစ်နှစ်လောက် တရားအားထုတ်ရင်း နောက်ဆုံးပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ ဒါကပါးစပ်ရာဇဝင်တွေဆိုပေမယ့် သေချာသလောက်တော့ရှိပါတယ်တဲ့။ ကဲ... ဘယ်လိုပဲဖြစ်ဖြစ် ဒေသခံတွေကတော့ ဒါတွေကိုဆက်ယုံကြည်ပြီး အခုထိ ပွဲတော်ကိုကျင်းပနေဆဲပါပဲနော်။ ကမ္ဘာလှည့်ခရီးသွားတွေကတော့အသည်းတယားယားနဲ့ ထိုပွဲတော်ကို အမြဲလိုလိုလာရောက်ကြပါသတဲ့...။

Source : thelocal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။