လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။      

မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနှင့်အတူ ကြိုးစားအားထုတ်မှုများစွာကိုလည်းမကြာခနပြသတက်သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိဒေဝကတော့ကိုယ်ပိုင် မြန်မာ့လက်ဝှေ့သင်တန်းကျောင်းဖွင့်လစ်ထားပြီး မျိုးဆက်သစ်များစွာ မွေးထုတ်ပေးနေကြောင်း သိရပါတယ်။ မြန်မာ့လူမျိုးများစွာရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကတော့ လက်ရှိပြည်တွင်းမှာနေထိုင်လျှက်ရှိပြီး မြန်မာစကားနဲ့ မြန်မာ့ရိုးရာအစားအသောက် ဓလေ့တွေကို ချစ်မြတ်နိုးသူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒေဝကတော့ မကြာသေးမီက သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် ချစ်စရာကလေးငယ်လေးတွေနဲ့အတူ မြန်မာလူမျိုးတွေနဲ့ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေထဲမှာ ချစ်စရာကောင်းတဲ့ ကလေးငယ်လေးတွေကို လက်ဝှေ့ပညာသင်ကြားပေးခြင်း လက်ဝှေ့ချစ်ပရိသတ်တွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းနဲ့အတူ ဝိုင်းဝန်းကူညီပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ ဒေဝရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - DAVE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။