မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ဧပြီလအစောပိုင်း ၂ရက်နေ့မှာလည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုးဆိုးရွားရွားမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။     

အဆိုပါ မီးလောင်မှုကတော့ ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက် သုသာန်အနီးရှိ အမှိုက်ပုံမီးလောင်ကျွမ်းမှုပဲဖြစ်ပါတယ်။ ဒီကနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိ ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃) စီးဖြင့် သွားရောက်ငြိမ်းသတ်လျှက်ရှိကြောင်း သိရပါတယ်။  

ပြင်းပြင်းထန်ထန်မီးလောင်ကြီးတွေက ဆိုးဆိုးရွားရွားလောင်ကျွမ်းနေပြီး အနီးရှိ သစ်ပင်နဲ့ အဆောက်အအုံအချို့ကို ထိခိုက်မှုအနည်းငယ်ရှိနေကြောင်း သိရပါတယ်။ လက်ရှိအထိ ငြိမ်းသတ်ခြင်းမရှိသေးတဲ့ အဆိုပါ ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက် သုသာန်အနီးရှိ အမှိုက်ပုံမီးလောင်ကျွမ်းမှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - ရဲသူရိန် ရဲသူရိန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။