ပါကစ္စတန်နိုင်ငံတွင်အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာသူမရဲ့ခင်ပွန်းဖြစ်သူနဲ့ဆွေမျိုးတွေကိုအဆိပ်ခတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါအမျိုးသမီးဟာဒိန်ချဉ်ထဲမှာအဆိပ်ထည့်ပြီး တိုက်ခဲ့တာကြောင့် သူမရဲ့ခင်ပွန်းအပါအဝင်လူစုစုပေါင်း (၁၃) ဦး သေဆုံးသွားကြောင်းသိရပါတယ်။တရားခံ အမျိုးသမီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမချစ်မနှစ်သက်ပဲအတင်းအကြပ်လက်ထပ်ဖို့ဖိအားပေးခံခဲ့ရတာကြောင့်ယခုလိုအဆိပ်ခတ်သတ်မှုပြုလုပ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါအမှုမှာ သူမရဲ့ချစ်သူဟောင်းပါ ပါဝင်နေတာဖြစ်ပြီးသူမတို့နှစ်ဦးစလုံးကို လူသတ်မှုနဲ့ ဖမ်းဆီးပြီးတရားစွဲဆိုနိုင်ရန်ပြင်ဆင်နေပါတယ်လို့ရဲတပ်ဖွဲ့အရာရှိအိုဝါရစ်အာမက်ကပြောကြားခဲ့ပါတယ်။

တရားခံအမျိုးသမီးဟာကနဦးအဆိပ်ကိုနွားနို့ထဲထည့်ရောပြီးအဆိပ်ခတ်ခဲ့ပေမယ့်မသောက်ဖြစ်ခဲ့တာကြောင့်ဒိန်ချဉ်အဖြစ်ပြောင်းလဲခဲ့ပြီးခင်ပွန်းသည်ရဲ့တစ်မိသားစုလုံးကိုတိုက်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့မိသားစုဝင်တွေထဲက၁၃ဦးသေဆုံးနေပြီးအခြား(၁၄)ဦးမှာဆေးရုံတင်ထားရကြောင်းရဲအရာရှိအိုဝါရစအာမက်ကပြောကြားခဲ့ပါတယ်။အဆိပ်ခတ်သတ်မှုဖြစ်စဉ်အတွင်းဘီဘီရဲ့ချစ်သူနဲ့သူမရဲ့အဒေါ်ဟာလည်းပူးပေါင်းပါဝင်ခဲ့တယ်လို့မူဇတ်ဖာဂရက်ခရိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ မူဇတ်ဖာဂရက်ခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူ အာမက် က “အရှာဘီဘီ၊ အမျိုးသားတစ်ဦးနဲ့ အဆိုပါအမျိုးသားရဲ့အဒေါ်ဖြစ်သူသုံးဦးတို့ကိုလူသတ်မှုနဲ့ဖမ်းဆီးထားပါတယ်”လို့ပြောပါတယ်။ ပါကစ္စတန်နိုင်ငံမှာအတင်းအကြပ်လက်ထပ်စေခြင်းနဲ့အသက်မပြည့်မီလက်ထပ်စေခြင်းဖြစ်စဉ်တို့ဟာတော်တော်များများဖြစ်ပွားလေ့ရှိပြီးအထူးသဖြင့်ဆင်းရဲတဲ့ဒေသများနဲ့ကျေးလက်များမှာအများဆုံးဖြစ်ပွားလျက်ရှိတာပဲဖြစ်ပါတယ်။ ပါကစ္စတန် အမျိုးသမီးများအနေနဲ့ အဆိုပါဒေသများမှာ သူတို့ရဲ့ အခွင့်အရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။

source - stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။