AFC Cup ပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် ဟနွိုင်းအက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ မနေ့ညနေ ၆း၃၀ နာရီက ဟနွိုင်းမြို့ ဟန်ဒေးကွင်းတွင် ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်အသင်းက မောင်မောင်လွင်ရဲ့ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။  

ရန်ကုန်ယူနိုက်တက်အသင်းဟယ ယခုပွဲစဉ်ကို အနိုင်ရရှိရန်အတွက် အဓိကကစားသမားများဖြင့် ပွဲထွက်လာခဲ့ပြီး ဟနွိုင်းအက်ဖ်စီအသင်းဖက်သို့ ထိုးဖောက်ကစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဟနွိုင်း အသင်းကလည်း ရန်ကုန်ယူနိုက်တက်အသင်းဖက်သို့ အပိုင်ဂိုးသွင်းခွင့်များ ကန်သွင်းခွင့်ရခဲ့သော်လည်း ရန်ကုန် ယူနိုက်တက် ဂိုးသမား ကျော်ဇင်ထက်၏ အကောင်းဆုံး လက်စွမ်းပြကာကွယ်မှုကြောင့် ဂိုးမရခဲ့တာပါ ။ ပွဲချိန် ၄၂ မိနစ်တွင် ဆယ်လာ ကွင်း လယ်မှ ပေးသည့်ဘောလုံးကို မောင်မောင်လွင် ဆွဲပြေးပြီး နောက်တန်းကစားသမားကို ကျော်ဖြတ်ကာ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို အမှားအယွင်းမရှိ ကန်သွင်းကာ ဂိုးရယူပေးခဲ့တာပါ ။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

ရန်ကုန်ယူနိုက်တက်အသင်းဟာ AFC Cup အုပ်စုပွဲ ၃ ပွဲ ကစားထားပြီး ၁ ပွဲနိုင် ၂ ပွဲရှုံးထားကာ လာမည့် ၁၇ ရက်နေ့တွင် ဟနွိုင်းအက်ဖ်စီအသင်းကို အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

Source- Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။