လာမည့် ဧပြီလ ၆ ရက်နေ့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနေရာ၊ ဒုဥက္ကဋ္ဌ နေရာများ ရွေးကောက်ပွဲ အခမ်းအနားတွင်ကိုကျင်းပသွားမှာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲကိုမြန်မာဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်လည်းယှဉ်ပြိုင်သွားမှာဖြစ်ပြီး ခုမှာတော့ဂျပန်ဘောလုံးအဖွဲ့ချုပ်၊တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်တို့က ဦးဇော်ဇော်အား ထောက်ခံသွားမည် ဖြစ်ကြောင်း ယနေ့မနက်ပိုင်းက တရားဝင် ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။

AFC ဒုတိယ ဥက္ကဋ္ဌနေရာ အတွက် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ အဆိုပြုထားသူ (၃)ဦးအနက်မလေးရှားနိုင်ငံမှထွက်ခွာသွားသဖြင့်မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဗီယက်နမ်မှ Dr Tran Quoc Tuan တို့ နှစ်ဦးအနက် တစ်ဦးကိုသာ မဲပေးရွေးချယ် ရတော့မှာဖြစ်ပါတယ်။ဦးဇော်ဇော်ကတော့မြန်မာနိုင်ငံဘောလုံးကိစ္စနဲ့ပတ်သက်ရင်လည်းငွေကုန်ကြေးကျခံပြီးတော့အောင်မြင်စေချင်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အာစီယံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဌနေရာကိုလည်းတာဝန်ယူထားရတဲ့ဦးဇော်ဇော်ကတော့အာရှဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဠနေရာမှာလည်းအနိုင်ရမလားဆိုတာပရိသတ်တွေကလည်းစိတ်ဝင်စားနေကြတာပါ။ဥက္ကဠဦးဇော်ဇော်ကလည်းထောက်ခံပေးတဲ့တောင်ကိုရီးယားနဲ့ဂျပန်ဘောလုံးအဖွဲ့ချုပ်တို့ကိုလည်းကျေးဇူးတင်စကားတွေပြောထားပါသေးတယ်။မနေ့ကလည်းမလေးရှားဘောလုံးအဖွဲ့ချုပ်ကဦးဇော်ဇော်အားထောက်ခံသွားမယ်ဖြစ်ကြောင်းလည်းပြောခဲ့ပါသေးတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။