အမေရိကန်နိုင်ငံမှာ ရှိတဲ့ မြောက်ကာရိုလိုင်းနားမှာရှိတဲ့ ရွှံ့နွံဥယျာဉ်ထဲမှာ ဆောင်းတွင်းရောက်တိုင်း ရေကန်တွေဟာရေအမြဲ ခဲလေ့ရှိပါတယ်။ ဒါပေမယ့် ဒီကန်ထဲမှာရှိတဲ့ မိကျောင်းတွေကတော့ ရေခဲနေတဲ့ရေကန်ထဲမှာ သဘာဝနဲ့လိုက်ရောညီထွေစွာ နေထိုင်ကြလဲဆိုတာကိုတော့ ဥယျာဉ်ထဲမှာရှိတဲ့ လူတွေကတော့ ဗီဒီယိုရိုက်ပြီး တင်ပေးခဲ့ပါတယ်။ သွးအေးတွားသွားသတ္တဝါတွေဟာ ခန္ဓာကိုယ်ကနေအပူဓာတ်ထွက်အောင်မလုပ်နိုင်ကြပေမယ့် ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာ ခန္ဓာကိုယ်ကိုထိန်းညှိပြီးနေနိုင်ကြတယ်လို့သိရပါတယ်။

မိကျောင်းတွေဟာ ရေခဲထဲမှာ အသက်ဆက်နိုင်ဖို့အတွက် သူတို့ရဲ့ကိုယ်ခန္ဓာအပူချိန်နဲ့ ကိုယ်တွင်းဇီဝလုပ်ဆောင်မှုလုပ်ငန်းတွေကိုလျော့ချလိုက်ပါတယ်။ ပြီးနောက် နှာခေါင်းလေးတွေသာ မျက်နှာပြင်ပေါ်ဖော်ပြီး ရေအခဲခံကာ မလှုပ်မယှက်နေလိုက်ကြပါတယ်။ ဗီဒီယိုကိုတော့ Ocean Isle ကမ်းခြေက Shallotte Riber Swamp Park ကနေ Facebook မှာတင်ခဲ့တာဖြစ်ပါတယ်။ ရေခဲတော့မယ့်အခြေအနေမှာ မိကျောင်းတွေအသက်ဆက်ရှင်နိုင်နှုန်းရှိမရှိနဲ့ပတ်သက်လို့ တိရစ္ဆာန်လေ့လာရေးသမားတွေက မိကျောင်းတွေအနေနဲ့ ယခုလိုပြုလုပ်ခြင်းဟာ သူတို့အတွက် အန ္တရာယ်မရှိကြောင်းနဲ့ အသက်ဆက်ရှင်နိုင်ကြောင်း ဆိုထားပါတယ်။

ဗီဒီယိုကိုတော့ Ocean Isle ကမ်းခြေက Shallotte Riber Swamp Park ကနေ Facebook မှာတင်ခဲ့တာဖြစ်ပါတယ်။ ရေခဲတော့မယ့်အခြေအနေမှာ မိကျောင်းတွေအသက်ဆက်ရှင်နိုင်နှုန်းရှိမရှိနဲ့ပတ်သက်လို့ တိရစ္ဆာန်လေ့လာရေးသမားတွေက မိကျောင်းတွေအနေနဲ့ ယခုလိုပြုလုပ်ခြင်းဟာ သူတို့အတွက် အန ္တရာယ်မရှိကြောင်းနဲ့ အသက်ဆက်ရှင်နိုင်ကြောင်း ဆိုထားပါတယ်။ မိကျောင်းတွေက ကန်ရေဟာခဲတော့မယ်အခြေအနေရှိမရှိဆိုတာကို သူ့သဘာဝအလိုလိုသိနိုင်ကြောင်း ဆိုပါတယ်။ ကန်ရေခဲတော့မယ်ဆိုတာနဲ့ နှာခေါင်းတွေကို ကန်ရေပြင်ပေါ်ဖော်ထားပြီး သူ့နားတဝိုက်ကရေတွေကိုခဲစေကြောင်း သိရပါတယ်။ ခဲရေတဲ့ကန်ရေထဲမှာ ရက်ပေါင်းများစွာကြာအောင်နေနိုင်ပြီး ရေခဲတွေအရည်ပျော်တဲ့အချိန်မှ လွတ်လွတ်လပ်လပ်ရေထဲပြန်ဆင်းကူးကြောင်း သိရပါတယ်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။