နွေရာသီကို ရောက်ရှိနေပေမယ့်လည်း နှစ်သစ်အချိန်အခါမှာ မိုးရွာသွန်းမှုကတော့ အနည်းငယ်ရှိတက်တာကို အာလုံးသိကြမယ်ထင်ပါတယ်။ သြင်္ကန်မတိုင်မီ မိုးရွာသွန်းလေ့ရှိပေမယ့် မနေ့ ရွာသွန်းခဲ့တဲ့ မိုးရေတွေနဲ့ လေပြင်းတိုက်ခိုက်မှုကတော့ ဒေသခံတွေကို အထိပ်တလန့်ဖြစ်စေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ မိုးရွာသွန်းမှုကတော့ မြန်မာပြည်အနှံ့အပြားမဟုတ်ပဲ ပြည်မြို့ရှိဒေသအချို့မှာသာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ၎င်းမိုးရွာမှုကတော့ ဧပြိလ ၂ ရက်နေ့ မနေ့က ညနေပိုင်းမှာ စတင်ရွာသွန်းခဲ့တာဖြစ်ပြီး မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခိုက်မှုတွေကလည်း ပြင်းထန်ခဲ့ကြောင်း သိရပါတယ်။  

ပြင်းထန်တဲ့ လေပြင်းနဲ့အတူ မိုးရွာသွန်းမှုတွေကြောင့် လမ်းမရေမြုပ်ခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျခြင်းတွေနဲ့အတူ လမ်းပန်းဆက်သွယ်ရေးအချို့ ပျက်တောက်သွားခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ မနေ့က ပြည်မြို့ လေးပြင်းတိုက် မိုးရွားသွန်းမှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - ပြည်မြို့သတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။