မနေ့က ဧပြီလ ၂ ရက်နေ့မှာတော့ အယ်လ်ဂျီးရီးယား သမ္မတ ဘူတက်ဖလီကာဟာ ရာထူးကနှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

၎င်းသမ္မတဟာ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေ ဆိုးဆိုးရွားရွားနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

မနေ့က သူရာထူကနှတ်မထွက်ခင် မနက်ပိုင်းမှာဆိုရင်လည်း ကြည်းတပ်ကာကွယ်ရေးဦးစီးချုပ်က ကျန်းမာရေး ဆိုးရွားနေတဲ့ ဘူတက်ဖလီကာကို သမ္မတရာထူးနဲ့ မသင့်တော်ကြောင်း ချက်ချင်းကြေညာပေးဖို့ တောင်းဆိုခဲ့ပါတယ်လို့ သိရပါတယ်။

သမ္မတ ဘူတက်ဖလီကာဟာ လက်ရှိအချိန်မှာဆိုရင် အသက် ၈၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဖလီကာဟာ သူ့ရဲ့ နှစ် ၂၀ ကြာအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ သီတင်းခြောက်ပတ်ကြာ လူထုဆန္ဒပြပွဲတွေနဲ့ အားကောင်းတဲ့ တပ်မတော် ဖိအားပေးမှုတွေကြောင့် ရာထူးကနေ နှုတ်ထွက်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

၎င်းသမ္မတရာထူးကနှုတ်ထွက်ပြီးနောက်မှာဆိုရင်လည်း အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ မြို့တော် အယ်ဂျီမှာ ရာနဲ့ချီတဲ့ပြည်သူတွေဟာ အလံတွေဝှေ့ယမ်း သီးချင်းတွေဆိုပြီး အောင်ပွဲခံခဲ့တယ်လို့သိရပါတယ်။

အောင်ပွဲခံပြည်သူတွေထဲက လူတဦးဟာဆိုရင်လည်း “အကြီးမားဆုံး အတားအဆီးကို ဖယ်ရှားနိုင်ခဲ့ပါပြီ။ အယ်လ်ဂျီးရီးယားဟာ ရာနှုန်းပြည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှာပါ။ ဒါဟာ အလွန်အရေးကြီးပါတယ်” လို့ ပြောခဲ့ကြောင်းသိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။