မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လက်ထောက်နည်းပြ ဒေါ်ဇင်မာဝင်းသည် ဧပြီလ၁ရက်က ဖွင့်လှစ်ခဲ့သည့် ၂ကြိမ်မြောက် အောင်ဘာလေထီဆုဖွင့်ပွဲတွင် ကျပ်သိန်း ၂၀၀ဆုကို ကံထူးသွားခဲ့ပါတယ်။ထီပေါက်ဖို့ဆိုတာကံတရားနဲ့အများကြီးဆိုင်တာကြောင့်ခုလိုထီပေါက်တာကိုပရိသတ်တွေအကုန်လုံးကလည်းဝမ်းသာနေကြတာပါ။

မြန်မာ့လက်ရွေးစင်အသင်းကိုလည်းအောင်မြင်မှုတွေရအောင်စွမ်းဆောင်ပေးနိုင်တဲ့လက်ထောက်နည်းပြဒေါ်ဇင်မာဝင်းကတော့ မန္တလေးဘုရားဖူးရင်းနဲ့ထီထိုးခဲ့ပြီးပေါက်ခဲ့တာပါ။ Women’s Olympic Football Tournament Tokyo 2020 Asian Qualifiers Round (2)ပြိုင်ပွဲယှဉ်ပြိုင်ကစားဖို့ရောက်ရှိနေတာဖြစ်ပြီး အားတဲ့အချိန်လေးဘုရားသွားပြီးထီထိုးခဲ့ရာမှခုလိုကံထူးခဲ့တာပါ။

ဒေါ်ဇင်မာဝင်းကတော့ခုနဲ့ဆိုထီပေါက်တာဟာ၄လဆက်တိုက်ပေါက်တာဖြစ်ပြီး၁၇ကြိမ်ထီပေါက်ခဲ့ဘူးပြီဖြစ်ပါတယ်။Hero Gold Cup 2019 ချန်ပီဖလားတွေရောထီတွေပါလတိုင်းပေါက်တဲ့ဒေါ်ဇင်မာဝင်းလည်းဒီထက်ပိုပြီးထီဆုကြီးတွေပေါက်ပါစေလို့ဆုတောင်းပေးလိုက်ရင်းသူကိုင်တွယ်နေတဲ့မြန်မာအမျိုးသမီးအသင်းရဲ့အိုလံပစ်ခြေစစ်ပွဲတွေကိုလည်းအားပေးကြပါဦးနော်။

SOURCE:Zin Mar Wann

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။