မတ်လ ၃၁ ရက်နေ့ မကြာသေးမီက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ အောင်လအန်ဆန်းတို့ရဲ့ ပွဲကောင်းကြီးကိုတော့ အားလုံးကြည့်ရှု့မိကြမယ်ထင်ပါတယ်။ ပြိုင်ပွဲတိုင်းကို အချိန်အတိုတွင်း ထိုးသတ်လေ့ရှိတဲ့ အောင်လအန်ဆန်းကတော့ မနေ့က ပွဲမှာလည်း ဒုတိယအချီနဲ့အလဲထိုးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ပွဲအစမှာပဲတိုက်စစ်ဖွင့်ထိုးသတ်ခဲ့ပြီး ပြင်းထန်တဲ့အောင်လအန်ဆန်းရဲ့ ခြေကန်ချက်တွေနဲ့ လက်သီးချက်တွေ ကြောင့် ခန်ဟစဲဂါဝါတစ်ယောက် နံရိုးကြိုး၊ကာ အဆုပ်ထဲသွေးယိုမှုတွေပါ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ပြိုင်ပွဲအပြီး ဆေးရုံသို့ တခါတည်း ပို့ဆောင်ခဲ့ရပြီး အဆုပ်ထဲသွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုတွေနဲ့အတူ သွေး နှစ်လိတာခန့်သွင်းခဲ့ရကြောင်း သိရပါတယ်။  

ခွဲစိတ်ကုသမှုကို အောင်မြင်စွာပြီးစီးနိုင်ခဲ့ပေမယ့်လည်း အချိန်တော်ကြာအနားယူရဖို့ရှိနေကြောင်း သိရပါတယ်။ ပြိုင်ပွဲအတွင်း အကြိတ်အနယ်ထိုးသတ်ခဲ့ကြပေမယ့် အပြင်မှာ ရင်းနှီးကျွမ်းဝင်သူ သူငယ်ချင်းတွေလိုဖြစ်တာကြောင့် အောင်လအန်ဆန်းကတော့ ခန်ဟစဲဂါဝါအတွက် ပြန်လည်ဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။ အဆိုပါ အောင်လအန်ဆန်းရဲ့ ဆုတောင်းလေးကတော့ "ကျွန်တော့်မိတ်ဆွေ Ken Hasegawaအမြန်ဆုံးပြန်လည် ကျန်းမာဖို့ဆုတောင်းပါတယ်။ ခင်ဗျားကအရင်ထက်ပိုသန်မာတဲ့ကစားသမားဖြစ်လာမယ်ဆိုတာ ကျွန်တော်သိတယ်။ ပြီးတော့ကျွန်တော်ကို ပြိုင်ဖက်ကောင်းတစ်ယောက်အဖြစ်ရော ပိုကောင်းတဲ့ဖိုက်တာတစ်ယောက်ရောဖြစ်စေခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ကြံ့ခိုင်မှူနဲ့ဆာမူရိုင်းဆန်တဲ့စိတ်ဓါတ်ကိုလည်း လေးစားရပါတယ်။ပြီးခဲ့တဲ့ပွဲတွေမှာခင်ဗျားနဲ့အတူပရိသတ်ကိုတင်ဆက်ခွင့်ရတဲ့အတွက်လည်းတကယ်ပဲဂုဏ်ယူပါတယ်။ ကျွန်တော်တို့ပြောခဲ့သလိုပဲ ခင်ဗျားနဲ့ကျွန်တော်တို့ကြားမှာဆူရှီကျွေးဖို့အကြွေးကျန်သေးတယ်။ နောက်တစ်ခေါက်ပြန်ဆုံကြမယ်သူငယ်ချင်း။ ဒါပေမယ့်ဒီတစ်ခေါက်တော့ ကြိုးဝိုင်းအပြင်မှာပဲဆုံကြတာပေါ့။" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

ပထအတစ်ကြိမ်တွေ့ဆုံမှုအပြီးမှာလည်း ဆေးရုံသို့ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့ပြီး အပြန်အလှန်အားပေးစကားပြောကြားခဲ့တာတွေ့ရပါတယ်။ ဒီတခေါက် ဂျပန်နိုင်ငံမှာထိုးသတ်ခဲ့တဲ့ ပွဲအပြီးမှာလည်း အောင်လကတော့ပြိုင်ဘက်ကစားသမားဖြစ်တဲ့ ခန်ဟစဲဂါဝါကို ပြန်လည်တွေ့ဆုံပြီး ဆူရှီအတူစားဖို့ရှိနေသေးကြောင်း သိရပါတယ်။ယနေ့အထိ ဆေးရုံမှာရှိနေသေးတဲ့ ခန်ဟစဲဂါဝါအတွက် ဆုတောင်းပေးလိုက်တဲ့ အောင်လအန်ဆန်းရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။