ပစ္စည်းတိုင်းမှာသူတန်ဖိုးနဲ့သူ ရှိကြပြီး မည်သို့ပင် ဟောင်းနွမ်းနေပါသော်လည်း တစ်ချိန်ချိန်မှာတော့တန်ဖိုးရှိလာရစမြဲပါပဲ။ ဒီလိုပစ္စည်းဟောင်းတွေကို တန်ဖိုးနားလည်သူတွေရဲ့ လက်ထဲရောက်သွားခဲ့တဲ့အခါမှာတော့ အတွေးအမြင်အသစ်တွေနဲ့ပေါင်းစပ်ပြီး အကျိုးရှိအောက်အသုံးချလိုက်ကြပါတယ်။

ယခုလည်း ဘိုးရင်း ရ၂၇လေယာဉ်ကြီးဟာ သက်တမ်းပြည့်သွားတဲ့အတွက် ကော်စကာရီကာလေကြောင်းလိုင်းကနေ အနားပေးခဲ့ပါတယ်။ တောထဲမှာ စွန့်ပစ်ထားတဲ့ ထိုလေယာဉ်ကြီးကို သူဌေးကြီး Allan Templeton က ပြန်လည်ရယူခဲ့ပြီး ကမ်းခြေကို သယ်ဆောင်လာခဲ့ပါတယ်။

အဲဒီနောက်တော့ စွန့််ပစ်လေယာဉ်ကြီးကို ဇိမ်ခံဟိုတယ်တစ်ခုအဖြစ် ပြောင်းလဲဖန်တီးခဲ့ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်က ဒေါ်လာ ၅သိန်း ဖြစ်ပါတယ်။

ကော်စကာရီကာ Quepos မြို့အနီးက Manuel Antonio ကမ်းခြေအနီးမှာ တည်ရှိတဲ့ ဒီလေယာဉ်ကြီးဟာ ယခုအချိန်မှာတော့ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။