ဂျူဗင်တပ်အသင်းမှာခြေစွမ်းပြဂိုးတွေသွင်းယူပြီးအသင်းပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရတာကတော့ကမ္ဘာကျော်ဘောလုံးသမားရော်နယ်ဒိုပဲဖြစ်ပါတယ်။သူကတော့တစ်ကမ္ဘာလုံးမှာဘောလုံးပွဲမကြည့်ဘူးတဲ့သူတောင်သူ့ကိုသိကြတာဖြစ်ပါတယ်။ဘောလုံးသမားဘဝအစကတည်းကခုချိန်ထိအကောင်းဆုံးခြေစွမ်းတွေနဲ့ပရိသတ်တွေကိုပျော်ရွှင်မှုတွေပေးနိုင်တာဖြစ်ပါတယ်။

ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုလည်းအကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။သူကတော့ဘောလုံးလောကမှာအောင်မြင်ရုံသာမကပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ကလေးတွေအများကြီးပိုင်ဆိုင်ထားပြီးအကြီးဆုံးသားလေးကတော့ဂျူဗင်တပ်လူငယ်အသင်းမှာကစားနေတာဖြစ်ပြီးခြေစွမ်းပြဂိုးတွေသွင်းယူနိုင်တာကြောင့်ပရိသတ်တွေကတောင်ချီးကျူးနေရတာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ဘောလုံးပွဲတွေမှာတစ်ချို့အမူအယာတွေကြောင့်ဝေဖန်မှုတွေရှိပေမယ့်လည်းမိသားစုအပေါ်မှာတော့နွေးထွေးကြင်နာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဘောလုံးပွဲစဉ်နားတဲ့ရက်ကလေးမှာသူတို့မိသားစုပုံရိပ်လေးတွေကလည်းပရိသတ်တွေကိုကြည့်နေရင်းကြည်နူးစေတာဖြစ်ပါတယ်။ခုမှာလည်းကလေးလေးတွေမိသားစုလိုက်ပျော်နေတဲ့videoလေးကလည်းပရိသတ်တွေအားကျစရာဖြစ်တာကြောင့်ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။