ကမ္ဘာ့စွမ်းဆောင်ရည်အကောင်းဆုံး ရေငုပ်သဘောၤ (၃)စင်း

အရင်ဆုံး ရေငုပ်သင်္ဘောတွေရဲ့မြန်နှုန်းနဲ့ ပတ်သက်တဲ့ knot အကြောင်းကို ရှင်းပြချင်ပါတယ်။ တိုင်းတာရေး အသုံးပြုအ မှတ်အသားပါ။ မီတာ၊ မိုင်ကဲ့သို့ ဖြစ်ပါတယ်။ ရေမိုင်လို့ ဆိုရင်လည်း ရပါတယ်။ 1 knot ဟာ တနာရီ ၁.၁၅၁ မိုင်နှုန်းနဲ့ ညီ ပါတယ်။ ISO စနစ်မှာတော့ knot ကို kn အဖြစ်ပဲ အတိုကောက် သုံးပါတယ်။ အ ခု 1 knot မှာ ဘယ်လောက် မြန်နှုန်းရှိတယ်ဆိုတာ သိပြီဆိုတော့ အောက်မှာ ဆက်ကြည့်လို့ အဆင်ပြေပါပြီ။

(၁) Virginia Class (အမေရိကန်)

နောက်ဆုံးပေါ် နည်းပညာတွေ သုံးနိုင်အောင် ဖန်တီးထားလို့ အခုလို ကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်လိုက်တာပါ။ လေ ဆာနည်းပညာနဲ့ တည်နေရာရှာဖွေစနစ်တွေ၊ အကွာအဝေးတိုင်းစနစ်ကို လျှပ်စစ်နည်းပညာနဲ့ တိုင်းတာပုံစံတွေ၊ ကြည်လင်မှု အကောင်းဆုံး ပတ်လည် ကင်မရာစနစ်တွေ၊ အာရုံခံစနစ်အစုံ ပါရှိတာ တွေ့ရပါတယ်။၇ စီးပဲ ထုတ်လုပ် အသုံးပြုနေတာ ဖြစ် ပြီး 25 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ Mk48 တော်ပီဒို ၄ လုံး၊ Tomahawak ဒုံးလက်နက် ၁၀၉ လုံး ပါရှိ တပ်ဆင်ထားပါ တယ်။

(၂) Akula II Class (ရုရှ)

အစီးရေ ၉ စီး ဖန်တီးထုတ်လုပ်ထားတာဖြစ်ပေမယ့် အခုတော့ ၆ စီးက အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။ရေ အောက်မှာ 33 knot နဲ့ သွားပြီး ရေပေါ်မှာတော့ 12 knotပဲ သွားနိုင်ပါတယ်။ အမေရိကန် ရေငုပ်သင်္ဘောတွေရဲ့ ရေအောက်မှာ ဆူညံသံထွက်တတ်ခြင်း အားနည်းချက်ကို အကောင်းဆုံး ပြင်ဆင်ထုတ် လုပ်ထားတဲ့ မော်ဒယ်လို့ သိရပါတယ်။ တော်ပီဒို ၄လုံး ထည့်ထားပြီး အခြား ဒုံးကျည် ၄၀ လောက် ပါရှိပါတယ်။ ရေမြှုပ်ဗုံး ၄၂ လုံး ချနိုင်တယ်လို့လည်း သိရပါတယ်။

(၃) Seawolf Class (အမေရိကန်)

Los Angeles မော်ဒယ်တွေနဲ့ ဆင်တူပြီး နောက်ဆုံးထုတ်လုပ်ထားတဲ့ မော်ဒယ်ပါ။ ၃ စီးပဲ ဖန်တီး အသုံးပြုနေတာပါ။ ရေ အောက်မှာ 35 knot နှုန်းနဲ့ သွားနိုင်ပြီး ရေပေါ်မှာတော့ 18 knot နှုန်းပဲ သွားပါတယ်။ တော်ပီဒို ၈လုံး တပ်ဆင်ထားပြီး အခြား ဒုံးကျည် ၅၀ လောက်ထိအောင် ထည့်သွင်း ဖန်တီးထားတယ်လို့ သိရပါတယ်။

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။