ထိုင်းနိုင်ငံမှာဆိုရင်တော့ မကြာခင်ကြရောက်တော့မယ့် သြင်္ကန်ရေသဘင်ပွဲတော် အတွင်း ဆောင်ရန် ၊ ရှောင်ရန်အချက်တွေကို ထုတ်ပြန်ခဲ့ပြီလို့ သိရပါတယ်။

ထုတ်ပြန်ခဲ့တဲ့အခါထဲမှာတော့ ရေသဘင်ပွဲအတွင်း အရှိန်ပြင်းပြီး အမြင့်ကိုထောင်ပက်တဲ့ ရေပိုက်သေနတ်ကို အသုံမပြုရဖို့ မသန့်ရှင်းတဲ့ရေတွေနဲ့ ရေမပတ်ရဘူးဆိုတဲ့အချက်တွေပါဝင်ပါတယ်။

ဒါ့အပြင် ရေခဲတုံးတွေနဲ့ ရေမပက်ရပါဘူး ၊ ဘယ်သူဘယ်ဝါမှန်းမသိတော့အောင်လဲ ခန္ဓာကိုယ်နဲ့မျက်နာမျာ ဆေးရောင်တွေ မသုတ်လိမ်းရဘူးဆိုတဲ့အချက်လည်းပါဝင်ပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်မပြည့်သေးတဲ့ကလေးငယ်တွေကို အရက်သေစာမရောင်းချရပါဘူး ၊ သြင်္ကန်ကားတွေပေါ်မှာလည်း အရက်သေစာမသောက်စားရပါဘူး ၊ ဒါ့အတွင် မူးယစ်သောက်စားပြီး ကားမကောင်းရဘူးဆိုတဲ့ အချက်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။

နောက်ဆုံးတခုအနေနဲ့ကတော့ အမျိုးသမီးရေကစားသူတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို အာပေးတဲ့ အဝတ်အစားတွေကို ရှောင်ရှားဝတ်ဆင်ကြရမယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

ဒီအချက်တွေကတော့ ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ သြင်္ကန်အတွင်း ရှောင်ရှားရမယ့် အချက်တွေပဲဖြစ်ပါတယ်။

ပရိသတ်တွေရော သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာ တနှစ်လောက်စောင့်ဆိုင်းခဲ့ရတဲ့ သြင်္ကန်ပွဲတော်ကြီး ကြရောက်တော့မှာဆိုတော့ ရင်ခုန်နေကြပြီလား။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။