၂၀၁၅ယူ၂၀ကမ္ဘာဖလားမှာမြန်မာအသင်းရဲ့ကွင်းလယ်ကနေတိုက်စစ်ကိုအကောင်းဆုံး

ပံ့ပိုးပေးနိုင်ခဲ့ပြီးပရိသတ်တွေသတိထားမိခဲ့တာကတော့ကျော်မင်းဦးပဲဖြစ်ပါတယ်။အသက်ငယ်ငယ်လေး

ရဲ့ဘောလုံးကစားနည်းမှာပါရမီပါတာကြောင့်ပရိသတ်တွေနည်းပြတွေကပါချီးကျူးခဲ့ရတဲ့

ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ရန်ကုန်ယူနိုက်တက်အသင်ရဲ့အောင်မြင်မှုတွေမှာအကောင်းဆုံးကြိုးစားပါဝင်

ခဲ့တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူရဲ့ဒဏ်ရာအခြေနေတွေကြောင့်

ခုမှာဆိုဘောလုံးလောကမှအပြီးတိုင်အနားယူသွားမယ်လို့ကြော်ငြာခဲ့ပြီးပရိသတ်တွေ

စိတ်မကောင်းဖြစ်နေကြတာပါ။ပရိသတ်တွေကတော့သူ့ခြေစွမ်းတွေကိုမြက်ခင်းစိမ်းတွေပေါ်မှာပြန်တွေ့ချင်နေကြတာဖြစ်ပါတယ်။

ခုမှာတော့ပရိသတ်တွေမျှော်လင့်ထားတဲ့ကျော်မင်းဦးကတော့မြက်ခင်းစိမ်းတွေပေါ်မှာပြန်

မြင်တွေ့ရဖို့ရှိနေတာဖြစ်ပါတယ်။သူ့ရဲ့ဒဏ်ရာတွေကိုအဖွဲ့ချုပ်ရဲ့ထောက်ပံ့မှုနဲ့ကုသမှုခံယူတော့

မှာလည်းဖြစ်ပါတယ်။အဆိုပါသတင်းကြောင်းပရိသတ်တွေလည်းဝမ်းသာပျော်ရွှင်နေတာဖြစ်ပါတယ်။

ကျော်မင်းဦးကလည်းစိတ်ဓာတ်ခွန်အားတွေပေးခဲ့တဲ့ပရိသတ်တွေနဲ့ဦးဇော်ဇော်ကိုလည်း

ကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။ပရိသတ်တွေလည်းသူ့ရဲ့ဒဏ်ရာအမြန်ဆုံးသက်သာလာပါစေ

ဆုတောင်းပေးပြီးသူ့ရဲ့တစ်ချိန်ကပေုံရိပ်လေးတွေကိုလည်းပြန်ကြည့်ရှုအားပေးကြပါဦးနော်။

PHOTO:Kyaw Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။