မြန်မာ့လက်ရွေးစင်အသင်းနဲ့ရတနာပုံအသင်းရဲ့ကွင်းလယ်ကစားသမားစည်သူအောင်ကတော့ဒီနှစ်ဘောလုံးရာသီမှာထိုင်းပရီးမီးယားလိဒ်ကလပ်ချောင်ဘူရီအသင်းမှာကစားနေတာဖြစ်ပါတယ်။ထိုင်းကလပ်တွေဟာပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်ကစားသမားတိုင်းဟာပွဲထွက်ခွင့်ရဖို့ဆိုပွဲတိုင်းမှာခြေစွမ်းပြဖို့လိုအပ်နေတာဖြစ်ပါတယ်။

စည်သူအောင်ကတော့အသင်းကိုရောက်ရောက်လာခြင်းမှာတော့ပွဲထွက်ခွင့်အတွက်ရုန်းကန်နေရပေမယ့်ခုနောက်ပိုင်းမှာတော့ခြေစွမ်းတွေပြပြီးဂိုးတွေသွင်းယူနိုင်ပြီဖြစ်ပါတယ်။မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ True Bangkok United နဲ့ပွဲစဉ်မှာတော့ချောင်ဘူရီအသင်းကအဝေးကွင်းမှာ(၂-၄)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဲ့ပွဲစဉ်မှာတော့ပြီးခဲ့တဲ့ပွဲစဉ်တုန်းကဂိုးရအောင်ဖန်တီးပေးခဲ့တဲ့စည်သူအောင်ကတော့ခုမှာလည်းအသင်းအတွက်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါပြီ။ဒီဂိုးကတော့စည်သူအောင်အတွက်ထိုင်းပရီးမီးယားလိဒ်မှာပထမဆုံးသွင်းဂိုးပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်းနိုင်ငံ့လက်ရွေးစင်ကစားဖော်ဇော်မင်းထွန်းကလည်းဂိုးသွင်းယူနိုင်ခဲ့တာကြောင့်ထိုင်းလိဒ်မှာခြေစွာနေကြတဲ့မြန်မာကစားသမားတွေရဲ့videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Thai League MM Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။