ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုးကတော့ ပြည်သူတွေချစ်ကြတဲ့ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးအောင်မြင်နေတဲ့နေတိုးက အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်ဆိုလည်း မမှားပါဘူး ။ လတ်တလောမှာတော့ နေတိုးက ရုပ်ရှင်ဇာတ်ကားသစ်တွေ ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး မင်းသားစာရင်းမှာ နံပါတ်တစ်နေရာကနေပါဝင်တဲ့ နေတိုးက အမာခံပရိသတ် မြောက်များစွာ ရရှိထားသူ ဖြစ်ပါတယ်။ ယောက်ျားပီသတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ နေတိုးက အနေအေးပြီး ပရိသတ်တွေအပေါ် အလေးထားဆက်ဆံတတ်တာကြောင့် လူချစ်လူခင် ပေါများနေတာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ ညီလေးမင်းသွေးနဲ့အတူတူတည်ထားတဲ့ ကြေးသွန်းဘုရားဟာ ထီးတင်ပြီး ရေစက်ချဖို့ရှိတာကြောင့် ယခုမှာ မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေကြပါတယ်။ ချစ်ပရိသတ်တွေအတွက် ရခိုင်ပြည်ကိုရောက်ရှိနေတဲ့ နတိုး နေထက်လင်းညီမင်းခိုင်တို့ရဲ့ ဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

source: Win Ko Khaing Ra 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။