အာဆီယံနိုင်ငံတွေသာမက အာရှနဲ့ ဥရောပနိုင်ငံတွေမှာပါ လူသိများ၊ လူကြိုက်များလာတဲ့ မြန်မာ့ရိုးရာဝတ်စုံဒီဇိုင်းအဆန်းလေးတွေကိုတော့ ပရိသတ်တွေလည်း မကြာခဏတွေ့မြင်ဖူးကြမယ်ထင်ပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲတွေနဲ့ အခြားအခြားသော ဒေသများ၊ အနုပညာရှင်များရဲ့ ဝတ်ဆင်မှုတွေထဲမှာလည်း မြန်မာ့ရိုးရာဖက်ရှင်ဒီဇိုင်းတွေကို ပိုမိုတွေ့မြင်လာရပါတယ်။  

မတ်လ ၂၇ရက်နေ့ကနေ့ ၃၁ ရက်နေ့အထိပြုုလပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကတာမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Indonesia Fashion Week 2019 ပွဲမှာ မြန်မာဒီဇိုင်နာ တစ်ဦးရဲ့ ဖက်ရှင်ပုံရိပ်တွေကတော့ ကြည့်ရှု့သူများစွာရှိခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲကို Poppy Dharsonoက အာဆီယံဆိုင်ရာသံအမတ်ကြီးဦးမင်းလွင်နှင့်ဇနီးဒေါ်စံပယ်ဝင်းတို့မှတဆင့်ဖိတ်ကြားချက်နှင့်အတူ တက်ရောက်ခဲ့တဲ့ ဒီဇိုင်နာ မမေမြတ်ဝါဆိုရဲ့ ဖက်ရှင်ဒီဇိုင်းအဆန်းလေးတွေက ပွဲတက်ရောက်ကြည့်ရှု့သူတွေကို အားကျစေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ပွဲမှာ ဒီဇိုင်နာမေမြတ်ဝါဆို Happy Heartက သူမဖန်တီးထားသည့် မြန်မာ့ရိုးရာခေတ်မီဒီဇိုင်းဝတ်စုံများကိုသွားရောက်ပြသခဲ့ အမိုက်စားပြင်ဆင်ပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါFashion Weekတွင်ဒီဇိုင်နာမေမြတ်ဝါဆိုကအင်းဝခေတ်ကိုအခြေခံပြီးမြန်မာမှုလက်မှုများဖြင့်ဖန်တီးထားသောရွှေချည်ထိုးပန်းချီ၊ဒေါင်းရုပ်များ ၊ဇာမဏီဌက်ရုပ်များဖြင့်ဖန်တီးထားသည့်ရှေးချိတ်ဒီဇိုင်းများ ၊ကနုတ်ဒီဇိုင်းများဖြင့်ချူပ်လုပ်ထားသည့်ဝတ်စုံ ၁၂ စုံကို အဓိကထားပြသခဲ့တာဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတကာအလှမယ်လေးတွေကိုမြန်မာ့ရိုးရာဝတ်စုံနဲ့ အမိုက်စားပြင်ဆင်ပေးခဲ့တဲ့ အဆိုပုံရိပ်လေေးတွကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - HAPPY HEART

SOURCE - PYI MYANMAR 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။