အဆိုတော်အားတီဟာ အမိုက်စားတီးလုံးတွေဖန်တီးတတ်ပြီး အမြဲခပ်မိုက်မိုက် ကိုယ်ပိုင်သီချင်းလေးတွေ ရေးသားသီဆိုသူတစ်ဦးပါ။ " ညမွှေးပန်း " သီချင်းလေးနဲ့ ပရိတ်သတ်တွေပိုပြီး သတိထားမိလာတာလည်း ဖြစ်ပါတယ်။ Music Video လေးတွေရိုက်ကူးရာတွင်လည်း ဆန်းသစ်တဲ့ Idea လေးတွေနဲ့ပုံဖော် ရိုက်ကူးတတ်သူပဲ ဖြစ်ပါတယ်။   

အားတီကတော့ သူရဲ့ သီချင်းလေးတွေနဲ့ ပရိသတ်တွေကို အချစ်ကိုရရှိနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ်ပိုင်စားသောက်ဆိုင်လဲ ဖွင့်ထားပါတယ်။ အဆိုတော် အားတီဟာ အဆိုကောင်းရုံတင်မကဘဲ သူ့ရဲ့အမူအရာလေးတွေကလည်း သူ့ရဲ့ပရိတ်သတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။  

ယနေ့မှာတော့ အားတီတစ်ယောက် ပိုင်ဆိုင်ခွင့်မရှိပေမယ့် ချစ်ရသူကို အဝေးကငေးကြည့်နေရင်း ကျေနပ်နေရတဲ့ ခံစားချက်ကိုသီဆိုထားတဲ့ သီချင်းသစ်လေးကို လူမှုကွန်ယက်ပေါ်တင်ပေးခဲ့ပါတယ်။ အားတီကတော့ " ပိုင်ဆိုင်ခွင့်မရှိပေမယ့်လည်း အဝေးကငေးကြည့်နေရရင်ကို ကျေနပ်နေတဲ့သူပါ AR-T - ကမ္ဘာတဖက်ကလမင်း (Official Music Video) " ဆိုပြီး ဗီဒီယိုလေးနဲ့အတူ ရေးသားထားပါတယ်။

SOURCE: အားတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။