နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိတဲ့ မြန်မာ့ရိုးရာ သနပ်ခါးနံ့သာသွေးပြိုင်ပွဲကို လာမည့် ၂၀၁၉ ခုနှစ် ဧပြိလ ၁၃ ရက်နေ့မှ ၁၇ရက်နေ့အထိ ထပ်မံပြုလုပ်သွားဖို့ရှိနေကြောင်းသိရပါတယ်။ အဆိုပါ ပြိုင်ပွဲကိုတော့ ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ပြုလုပ်မှာဖြစ်ပြီး နံ့သာသွေးပြိုင်ပွဲ၊ သက်ကြီး ပူဇော်ပွဲ၊ အန္တရာယ်ကင်း ပရိတ် တရားတော် ရွတ်ဖတ်သရဇ္ဈာယ် ခြင်းများကို အစီစဉ်တကျ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။  

၎င်းပြိုင်ပွဲကတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်ပြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် ပတ်သက်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။ အဆိုပါ နံ့သာသွေးပြိုင်ပွဲ၊ သက်ကြီး ပူဇော်ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရား တော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြီးကြပ်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီတို့ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ NGဥ အဖွဲ့ဝင် များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထား ပြီး ယခုနှစ် မဟာသြင်္ကန်ပွဲတော် အကြိုနေ့တွင် ''ရခိုင်ရိုးရာ နံ့သာ သွေး ပြိုင်ပွဲ'' ကို လှပျိုဖြူအသင်း ၁၂ သင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။  

၎င်းအပြင် အသင်းသားများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ သေသပ်သန့်ရှင်းမှု ၊ သွက်လက်ဖြတ်လပ်မှု ၊ စိတ်ပါဝင်စားမှု ၊ ခွန်အားစိုက်ထုတ်မှု ၊ အရွယ်ညီညာမှု၊ အသားအရောင် ရူပါရည် ညီညာမှု၊ နံ့သာရည် ရရှိမှုနှင့် နံ့သာနှစ် ရရှိမှုတို့အပေါ် မူတည်၍ အမှတ်ပေးမည်ဖြစ်ကြောင်း နံ့သာသွေးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြိုင်ပွဲအပြီး ပထမဆု၊ ဒုတိယဆု ၊ တတိယဆုနှင့် နှစ်သိမ့်ဆုအသီးသီးကိုလည်း ဆုချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

SOURCE - MYANMAALIN  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။