Myanmar Idol ကတေးသံရှင်ယွန်းဟာ

ယနေ့ ဧပြီလ (၄) ရက်နေ့မှာ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ မေတ္တာမျိုးဆက်

မိဘမဲ့ကလေးသူငယ် စောင့်ရှောက်ရေးကျောင်းမှ ကလေးများအတွက်

နေ့လည်စာ၊ စာရေးကိရိယာ နှင့် အသုံးအဆောင်များအား လှူဒါန်းခဲ့ပါတယ်။

ယွန်းနဲ့အတူ ခိုင်နှင်းဝေရဲ့ ပရဟိတ အသင်းမှလဲ လုပ်အားဒါနပြုပြီး ပါဝင်အားဖြည့်ပေးခဲ့ကာ

ကလေးများအတွက် ရေသေနတ်များ လှုဒါန်းပေးခဲ့တယ်လို့လဲ သိရှိရပါတယ် ။

ပုံတွေထဲမှာတော့ တက်တက်ကြွကြွနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေကြတဲ့

မိန်းမလှလေးနှစ်ဦးရဲ့ ပုံရိပ်တွေကိုတွေ့ရမှာပါ ။

Source : myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။